မီး​တောက်​​ဟောင်းက​လေး-8(Zaw+Uni)

1K 183 16
                                    

The early bird catches the worm.
(​စော​စောထတဲ့ငှက်​ဟာ တီ​ကောင်​ကိုဖမ်းမိတယ်​)

သူက ငှက်​မဟုတ်​။ ထို့​ကြောင့်​ တီ​ကောင်​မလို။

သို့​သော်​ ဒီရက်​ပိုင်း သူ ​မနက်​​စော​စော ထ​ပြေးရသည်​။ ပြီးရင်​ ​ရေချိုးကိုယ်​လက်​သန့်​စင်​ရသည်​။ ထို့​နောက်​ ​ကျောင်းသွားရသည်​။ ​ကျောင်းမှာလည်း အားသည့်​အချိန်​ အပြင်​စာ​တွေဖတ်​ရသည်​။ အခန်းပြန်​​ရောက်​ရင်​ အားကစားလုပ်​ရသည်​။

ပြီးရင်​ ည​နေ​ရောက်​​သောအခါ လူစည်​စည်​​နေရာများကို​သွား၍ အများ​ပြောစကားကို နား​ထောင်​ရသည်​။ အခန်းပြန်​​ရောက်​ရင်​ စာဖတ်​ရသည်​။ ​ကျောင်းစာရှိရင်​ ကျက်​ရသည်​။ ညအိပ်​ခါနီး ကိုယ့်​အ​ကြောင်းကိုယ်​ ကျကျနနတွေးရသည်​။ ပြီးရင်​ ဒိုင်​ယာရီ ​ရေးရသည်​။

ဒါ​တွေ အကုန်​ Flame(​ခေါ်) Park Jimin ဟူ​သော hyung ၏ ညွှန်​ကြားချက်​များ အတိုင်း သူလုပ်​​နေရခြင်းဖြစ်​သည်​။

သူ့ စိတ်​အ​ခြေအ​နေပြန်​​ကောင်းလာပြီဟု သိပ်​စိတ်​မချ​သေးသည့်​တိုင်​​အောင်​ အချိန်​ကို​တော့ ကျစ်​ကျစ်​လစ်​လစ်​ အကျိုးရှိ​အောင်​ သုံး​နေမှန်း သူနားလည်​လာသည်​။

ည (11) နာရီတိုင်း Hyung နဲ့ သူ online မှာဆုံဖြစ်​သည်​။

ဒီ​နေ့ သူ့မိသားစု ကား​မှောက်​ပြီးဆုံးတာ တစ်​ပတ်​ပြည့်​ပြီဖြစ်​သည်​။ သူ့ ဦး​လေး စီစဉ်​​ပေး​သော​ကြောင့်​ ဈာပနမှာ ​ကောင်းမွန်​စွာ ပြီးသွားခဲ့သည်​။

"တစ်​ပတ်​ပြည့်​သွားခဲ့ပြီ..hyung"

သူ Appa နှင့်​ Omma ကို မြင်​​ယောင်​ကာ မျက်​ရည်​ကျမိသည်​။ အစ်​ကိုကြီး ကို သတိရကာ သူ့ရင်​​တွေနာကျင်​လာသည်​။ မျက်​ရည်​​တွေ ​စေးကပ်​တင်းကြပ်​သွား​အောင်​ သူ ငိုချင်​သည်​။

"Jungkook ah ,ငို​နေတာလား"

တစ်​ဖက်​က သူငို​နေ​ကြောင်း သိ​နေပြန်​သည်​။

"အင်း....."

"ငိုပါ...ဝ , ​အောင်​သာငို"

သူ ငိုပါသည်​။ ဝ ,​အောင်​​တော့ မငိုတတ်​။ ငိုလို့ မျက်​ရည်​ကုန်​သည့်​အခါ တိတ်​လိုက်​၊
ပြန်​စဉ်းစားမိပြီး ငိုလိုက်​နှင့်​.. သူ့မျက်​လုံးများပင်​ ကျိန်းစက်​လာသည်​။

Old Flame (မီး​တောက်​​ဟောင်းက​လေး)Where stories live. Discover now