"Hyung ရယ်..."
"Jungkook ရာ.."ရင်နာစရာပြန်ဆုံခြင်းအဖြစ် သူတို့ ယူကြုံးမရ ဖြစ်ကြသည်။
"ငါလည်း အဲ့နေ့က ပန်းခြံနားမှာပဲ ရေခဲမုန့်လိုက်ရှာဝယ်နေတာ။ ရေခဲမုန့်ရလို့ ဝမ်းသာပြီး လမ်းဟိုဘက်ဖြတ်ကူးတော့ ငါ..ငါ ကားတိုက်မိတာ။ ဆေးရုံမှာ တစ်လလောက်ကြာခဲ့တယ်။ဆေးရုံကဆင်းတော့ ငါ့ flame ဆိုတဲ့ အကောင့်က ဘာဖြစ်သွားလည်း မသိဘူး။ ဖွင့်မရတော့ဘူး။ နောက် အကောင့်ထပ်ဖွင့်ပြီး မင်း ဆီ invite လုပ်တော့လည်း မရဘူး။"
"ဘာလို့မှန်းမသိ ကျွန်တော့် acc ကလည်း ပျက်သွားတယ်လေ..Hyung ရာ လေးနှစ်ကြီးတောင်... "
ငြိစွန်းရှုပ်ထွေးစွာ ကံကြမ္မာသည်လည်ပတ်နေသည်။ သူတို့နှစ်ယောက်၏ မျက်နှာတွင်လည်း မျက်ရည်များစီးကျလျက်ရှိသည်။ ပြောချင်သည့်စကားလုံးကများပြီး ပြောထွက်သည့် စကားလုံးက နည်းနေသည်။
သူတို့ဆွံ့အစွာနဲ့ပဲ မျက်ရည်တွေ အထပ်ထပ် စိုလိုက် ၊ ခြောက်လိုက်ဖြစ်အောင် ငိုမိကြသည်။ ထိုအချိန်မှာပဲ သူတို့နှာခေါင်းရှုံ့လိုက်မိသည်။ အနံ့ခံအာရုံကို သေချာ ဆန်းစစ်ကြည့်သည်။
"Jungkook ah- ညှော်နံ့လားမသိဘူး.."
"ဟင်...ဟာ...Hyung ,ဟိုမှာ ဟိုမှာ..."ဂိုဒေါင်ရဲ့ နံရံနားတွင် အမှိုက်များမီးလောင်နေသည်။
"ဟို လူဆိုးတွေ ဆေးလိပ်သောက်ပြီး ပစ်ချခဲ့တာကနေ လောင်တဲ့မီးဖြစ်လိမ့်မယ်....Hyung"
"အေး...ပိုအရေးကြီးတာက အခုမီးလောင်နေတဲ့လမ်းကြောင်းက ဓာတ်ဆီ ပေပါပုံးကြီးဆီ ဦးတည်နေတာမို့လား...!!"
"ဗျာ..."
Hyung ပြောမှပဲ သေချာကြည့်မိတော့သည်။ ဟုတ်သည်....အမှိုက်တွေ တဖျောက်ဖျောက် ရွေ့လျားကူးခတ်လောင်မြိုက်နေပုံက အရှိန်ပြင်းပြီး အခန်းထောင့်က ဆီပေပါပုံးကြီးဆီဦးတည်နေသည်။ လုံးဝ အန္တရာယ်....။
YOU ARE READING
Old Flame (မီးတောက်ဟောင်းကလေး)
Fanficစာရေးဆရာ သူဝေးရဲ့ Old Flame ဝတ္ထုကို Jikook version ပုံစံဖြင့် ပြန်လည် အသက်သွင်းထားခြင်းဖြစ်ပါသည်။ full credit goes to သူဝေး (Zawgyi+Unicode)