ထိုသို့နှင့်.......
Hyung၏ ညွှန်ပြမှုများဖြင့် သူ့ဘဝသည် ပြောင်းလဲမှန်းမသိ ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။Hyung ၏ ဒဿ နများ ၊ ထောင့်ခွဲအမြင်များ ၊ အတွေးအခေါ်များသည် သူ့ကို လွှမ်းမိုး ပဲ့ပြင်လာခဲ့သည်။
သူ အရာရာကို ဆင်ခြင်မှုတစ်ဖက်ကိုင်၍ ရှုမြင်တတ်ခဲ့ပြီ။ ဘယ်တော့မှ မှန်မလာမည့်အမှားများကိုလည်း သူရှောင်ကျဉ်လာတတ်ခဲ့ပြီ။ 'ကျန်းမာရေးကို အမြဲဂရုစိုက်ရမယ်။ ကိုယ်က မကောင်းမှုတစ်ခုကို ကာယကံမြောက်လုပ်ချင်ရင်တောင် ကျန်းမာနေမှရမှာ။' ဟူသော Hyung ၏ စကားကြောင့် သူကျန်းမာရေးလိုက်စားလာခဲ့ရာ အခုဆို နှာစေးချောင်းဆိုး မဖြစ်တာပင် တော်တော်ကြာပြီ။
အပြုံး တစ်ခု၏ စွမ်းအားဖြင့် ကျောင်းမှာ ၊ လုပ်ငန်းခွင်မှာ မိတ်ဆွေ အပေါင်းအသင်းများပေါများလာသည်။ စာအုပ်များစွာ ဖတ်ဖူးသဖြင့် သူ စကားဝိုင်းများတွင်လည်း အရာရာ တီးမိ ခေါက်မိသူအဖြစ် ဝင်ပြောနိုင် ဆိုနိုင်လာသည်။ လူအများက သူ့စကားကို ဂရုစိုက်နားထောင်၍ လေးစားလာကြသည်။
သူ တစ်ခုခုကို လုပ်တော့မည်ဆိုလည်း ဒါဟာ အပိုများဖြစ်နေမလား၊ တကယ်အသုံးဝင်ရဲ့လားဆိုတာ သုံးသပ်ရှုမြင်လာတတ်သည်။ ကိုယ့်ကိုကိုယ် မလိမ်မိအောင် ကြိုးစားခဲ့သည်။ သွားလေရာတွင် နှုတ်ဆက်သူများပြားသော သူ့ကို သူတောင်းစား တစ်ချို့ပင် ခင်မင်ပြုံးပြလာကြသည်။ စိတ်ညစ်စရာများ ကြုံသည့်အခါ ခေါင်းထဲတွင် သုည ကို ထည့်တတ်လာပြီ။
တခါတလေ တစ်ယောက်ယောက်နှင့် စကားပြောပြီး ပြန်ပြောသည့်အခါ Hyung ၏ ဟန်အတိုင်း 'Ok.....ok..ok' ဟူသော လေသံဖြင့် ပြန်ပြောတတ်ခဲ့ပြီ။ သူ့ပုံစံက ဟိုးတုန်းကနှင့် ဘာမှမဆိုင်တော့။ ပြောင်းလဲခဲ့ပြီ။ မျက်စိသူငယ် နားသူငယ်နှင့် အရာရာကို ကြောက်ရွံ့စိုးထိတ်နေခဲ့ရသော အကြောက်တရားတို့ လွင့်ပါးခဲ့ပြီ။
YOU ARE READING
Old Flame (မီးတောက်ဟောင်းကလေး)
Hayran Kurguစာရေးဆရာ သူဝေးရဲ့ Old Flame ဝတ္ထုကို Jikook version ပုံစံဖြင့် ပြန်လည် အသက်သွင်းထားခြင်းဖြစ်ပါသည်။ full credit goes to သူဝေး (Zawgyi+Unicode)