အပိုင်း-(ခ)တုန်ယင်၍ အလောတကြီးဆန်နေသော လက်ချောင်းများသည် ကွန်ပြူ တာ ခလုတ်များပေါ်တွင် မြှောက်လိုက်ပြန်ကျလိုက် ဖြစ်နေသည်။ ခလုတ်များ ဖိလိုက် ပြန်ကြွလိုက်ဖြစ်ခြင်းကြောင့် ထွက်ပေါ်လာသောအသံ 'တဖျောက်ဖျောက်' သည် တိတ်ဆိတ်နေသော အခန်းလေးကို ခြောက်လှန့်နေလျက်။
မျက်နှာကြက်က မီးလုံးအိုကြီးမှာ ဖျော့တော့စွာလင်းလျက်ရှိသည်။
ဟော......။ တွေ့ပြန်ပြီ။ အမေရိကန်တစ်ယောက်။
ကျား၊ ခြင်္သေ့တွေအပါအဝင် မွေးထားသည့် တောရိုင်းတိရစ္ဆာန်တွေ အကုန်လွှတ်ပေးလိုက်ပြီး ကိုယ့်ကိုကိုယ်သတ်သေသွားတယ်တဲ့။ ခပ်ဆန်းဆန်းပဲ။
ထပ်တွေ့ပြန်ပြီ။ ကမ္ဘာကျော် ဂိုးလ်ဒင်းဂိတ် တံတားကြီး။ 1937 ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တဲ့ အဲ့တံတားကြီးပေါ်ကနေ ခုန်ချသတ်သေသူပေါင်း (1300)ခန့်ရှိပြီတဲ့။ တံတားအောက်မှာက အေးစက်နေသည့် ဆန်ဖရန်စစ္စကို ပင်လယ်အော်။ တံတားပေါ်က ခုန်ချလျှင် တစ်နာရီမိုင်ပေါင်း (70) နဲ့ (80)ကြား အလျှင်ရှိတယ်တဲ့။ ခုန်ချသူများအနက် (98%) သေဆုံးတယ်။ ပေ 220 မြင့်တဲ့ ဒီတံတားကြီးက ကိုယ့်ကိုကိုယ်သတ်သေမှုများတွင် နာမည်အကြီးဆုံးဖြစ်နေသည်။
'ငါ အဲ့ဒီ့တံတားဆီသွားလိုက်ရင် ကောင်းမလား'
စိတ်ကလွတ်ပြီး ဘာကိုရေရွတ်မိမှန်းမသိ။ နှုတ်ခမ်းကိုပါးစပ်နဲ့ ပြန်အုပ်လိုက်ရသည်။ သူအခုရောက်နေတာက ဒီတံတားကြီးနဲ့ ဘာမှမဆိုင်တဲ့နေရာလေ။ ဒါကို သူဘာတွေကြောင်နေတာလည်း မသိ။
နောက် ကြွပ်ကြွပ်အိတ် ခေါင်းစွပ်၍သတ်သေသူများ ၊ ဓာတ်ငွေ့ရှူ ၍ သတ်သေသူများ၊ လက်အကြောဖြတ်၍ သေသွားသူများ စသည်ဖြင့် သူအများကြီးတွေ့ရသည်။
YOU ARE READING
Old Flame (မီးတောက်ဟောင်းကလေး)
Fanficစာရေးဆရာ သူဝေးရဲ့ Old Flame ဝတ္ထုကို Jikook version ပုံစံဖြင့် ပြန်လည် အသက်သွင်းထားခြင်းဖြစ်ပါသည်။ full credit goes to သူဝေး (Zawgyi+Unicode)