Episode 1

2.9K 98 7
                                    

ညကိုးနာရီကျော်ကျော်အချိန်လောက်တွင် မီးခိုးငွေ့တွေ တလူလူထွက်နေသည့်ကားနောက်ခန်းထဲမှ ဆယ်နှစ်သားအရွယ်ကောင်ကလေးတစ်ယောက်နှင့် ခုနစ်နှစ်သားအရွယ်ကောင်လေးတို့ဟာ မျက်နှာတွင် ထိခိုက်ပွန်းပဲ့ရာတွေနှင့် ထိတ်လန့်ကြောက်ရွံ့စွာငိုကြွေးလျက်ရှိခဲ့သည်။

"မြန်မြန်ထွက်ပါဆို...ကားကြီးမီးလောင်သွားရင် ငါတို့အကုန်သေသွားလိမ့်မယ်လို့ဆိုနေမှ....."

"သားကြောက်တယ် ...အပြင်မှာမှောင်မှောင်ကြီး သားမထွက်ရဲ့ဘူး....အီး..ဟင့်ဟင့်.."

"ဒါဆိုကားကြီးမီးလောင်မဲ့ထဲပါသွားချင်လို့လားပြော..."

ဆယ်နှစ်အရွယ်ကောင်လေးကမေးတော့ ထိုအနှီကောင်သေးသေးလေးက မျက်ရည်လဲရွှဲဖြင့် ခေါင်းခါပြလေသည်။

"အင့်.."

"ဟုတ်ပြီ ...လိမ္မာပါတယ် ဝက်ဖြူလုံးလေးရဲ့....သွား အဲ့ပြတင်းပေါက်ကမြန်မြန်ထွက် ပြီးရင်P'..ထွက်ခဲ့မယ်..."

ကလေးငယ်ကလေး အပြင်သို့ရောက်သွားတော့ လော့ခ်ကျနေသည့်ကားတံခါးနှင့် ထိုင်ခုံကြား၌ ညပ်နေသည့် သူ၏ခြေထောက်လေးကိုကြိုးစားထုတ်ကြည့်နေရလေသည်။

"P'ရေ သားကြောက်တယ် ထွက်လာတော့လေ..."

ခုနစ်နှစ်အရွယ်ကလေးလေးက အပြင်ကခေါ်နေသော်လည်း ထုတ်မရသည့်ခြေထောက်ကြောင့် ထိုကောင်လေး လန့်ဖျန့်လာသည်။ ကားကြီးသာ တကယ်ပေါက်ကွဲသွားရင် ဘယ်လိုလုပ်မလဲ ဟူသည့်အတွေးက ဆယ်နှစ်အရွယ်ကလေးတစ်ယောက်ကို ကြောက်လန့်စေလေသည်။

" P'ထွက်လို့မရတော့ဘူး....P'ကိုကယ်အုံး...အဟင့်...."

"အီး..ဟီး...P'သားကြောက်တယ်...."

"ဒီနားတစ်နေရာရာမှာတော့ လမ်းရှိမှာပဲ မြန်မြန်သွားပြီး လမ်းပေါ်မှာအကူညီသွားတောင်ချည် ..,မြန်မြန်...မဟုတ်ရင် P'သေလိမ့်မယ်....သွားတော့ အကူညီသွားတောင်းတော့..."

ကလေးငယ်လည်း ကြောက်လန့်တကြားငိုယိုပြီးထိုနေရာမှ ပြေးလာခဲ့လေတော့သည်။ မှောင်မဲနေသည့်ညဥ့်နက်ကြီးတွင် သစ်ပင်တွေအုံ့ဆိုင်းနေသည့် လမ်းပင်မရှိသည့်သစ်ရွက်ခြောက်တွေပေါ် ခြေဦးတည့်ရာပြေးနေရလေသည်။ ညလေအေး၏တိုက်ခတ်မှုကြောင့် ချမ်းစိမ့်စိမ့်ဖြစ်ကာ နှာသီးဖျားလေးတွေလဲရဲနေလေပြီ။

Who Are You ? || Hiatus ||Where stories live. Discover now