နွေးထွေးလှသည့် နေရောင်ခြည်နုနုတို့၏ အငွေ့အသက်တွေကြောင့် ပျော်ရွှင်စရာ မနက်ခင်းလေးသည်သူ့အား လှပစွာနွေးထွေးစွာကြိုဆိုနေခဲ့သည်။
အိပ်ယာပေါ်မှ မျက်လုံးနှစ်လုံးဖွင့်ဖွင့်ချင်း တန်းမထပဲ နှုတ်ခမ်းတစ်ဖက်ကိုတွန့်ကာပြုံးမိသေးသည်။ ပြီးမှ အိပ်ယာမှထရေမိုးချိုးကာ သူ့ရဲ့စတိုင်လ်အတိုင်း Eyeliners နက်နက်တို့မပါမဖြစ် ပြင်ဆင်လိမ်းခြယ်ပြီးမှ အောက်ထပ်သို့ဆင်းလာခဲ့လေသည်။
" Kongpob...လာခဲ့လေ Maeသားကြိုက်တဲ့ ပုစွန်ကွေ့တီယိုလုပ်ပေးထားတာ...လာစားလှည့်လာ.."
အောက်သို့ဆင်းဆင်းချင်း Maeရဲ့နွေးထွေးလှသည့်ကြိုဆိုမှုလေးကြောင့် Kongpob ရင်ထဲပျော်ရွှင်မိရသည်။ ဤမိသားစုအသိုင်းအဝိုင်းထဲတွင် သူ့အား ကြိုဆိုမည့်သူမရှိ။ ထိုသူများထဲတွင် Phor သည်ထိပ်ဆုံးက..
"Phor ရော..."
စားပွဲလေးတွင်ဝင်ထိုင်ရင်းမေးလိုက်တော့ Maeကပြုံးပြုံးလေးသာပြန်ဖြေသည်။
"အစည်းအဝေးရှိတယ်ဆိုလားပဲ...အဲ့တာကြောင့်စောစောသွားရတယ်လေ.."
သူ့အားမတွေ့ချင်လို့ တမင်ရှောင်သည်ကိုသူကောင်းကောင်းကြီးနားလည်ပါသည်။ သို့ပေမဲ့ သူသည်ဘယ်လောက်ပဲ Singtoမဟုတ်ဘူးပဲဆိုပါစေ သူသည်လည်းSingto၏ကိုယ်ပွားမဟုတ်ပါလား.....မေတ္တာငတ်မွတ်သူမလို့ မိဘမေတ္တာကိုတော့အပြည့်အဝမျှော်လင့်မိပါသည်။
"Maeလည်း ကျွန်တော့်ကိုမေတ္တာမှစစ်ရဲ့လား? "
Kongpob စကားကြောင့် Faninရုတ်တရက် သူဘာပြောချင်မှန်းမသိလိုက်။ ပြီးမှသဘောပေါက်သွားကာ ထိုကောင်လေးအားသနားမေတ္တာပိုရလေသည်။
"သားလည်း Maeသားပါပဲ..."
"ဒါဖြင့်ရင် ဘာလို့အဲ့လိုလုပ်ခဲ့ရတာလည်းMae? Maeပြောတော့သားကိုချစ်တယ်ဆို ဘာလို့လုပ်ခဲ့ရတာလဲ...?"
အစအဆုံးမရှိ ပြောထွက်သည့်Kong၏စကားတို့အောက်တွင် Fanin ပြာသလဲလဲဖြစ်သွားရသည်။
'ဒီကောင်လေး သိနေတာလား? ...မဖြစ်နိုင်တာ သူကSingto မှမဟုတ်တာ....မဟုတ်လောက်ပါဘူး'
YOU ARE READING
Who Are You ? || Hiatus ||
Fanfictionမင်းကိုချစ်တဲ့သူတွေ အများကြီးရှိရင်ရှိမယ် ဒါပေမဲ့ မင်းချစ်တဲ့သူက ငါတစ်ယောက်တည်းဖြစ်နေရမယ် ..... မင်းချစ်တဲ့သူတွေ ရှိရင်ရှိခဲ့မယ် ဒါပေမဲ့ ငါကမင်းရဲ့အချစ်ဦးဆိုတာတော့ မင်းမှတ်မိရမယ်....