D.I.D

644 39 0
                                    

What is DID?

- DID ဆိုတာ Dissociative Identity Disorder ကို အတိုချုံးခေါ်တာဖြစ်ပါတယ်။ Multiple Personality Disorder လို့ခေါ်ကြပါသေးတယ်။ ဒီရောဂါနှင့်ပက်သက်၍ ဟန်နီမြန်မာလိုမျိုးရှာမဖတ်ဖူးသေးတဲ့အတွက် မြန်မာလိုဆီလျော်အောင်ဘာသာပြန်ပေးရရင်တော့ (စိတ်အခြေအနေအမျိုးမျိုးကွဲသည့် ကစဥ့်ကလျားရောဂါ) လို့ခေါ်ပါတယ်။

DIDသည် Schizophreniaလို့ခေါ်တဲ့ စိတ်ကစဥ့်ကလျားရောဂါတစ်မျိုးနှင့် အသွင်တူပေမဲ့ တကယ်တော့ကွဲပြားပါတယ်။

DIDသည် Schizophreniaလို့ခေါ်တဲ့ စိတ်ကစဥ့်ကလျားရောဂါတစ်မျိုးနှင့် အသွင်တူပေမဲ့ တကယ်တော့ကွဲပြားပါတယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Cause of DID

DID ရောဂါသည် ကျွမ်းကျင်ပညာရှင်တွေ၏အထောက်အထားအရ childhood trauma နှင့်အများဆုံး ပက်သက်နေတယ်လို့သိရပါတယ်။

ကလေးဘဝတွင် abuseလုပ်ခံရခြင်း serious caseတစ်ခုခုကြုံကြိုက်ခဲ့ရသူတွေဟာ DIDဖြစ်ဖို့အလားအလာရှိသူတွေလို့ ခန့်မှန်းသိရှိခဲ့ကြပါတယ်။ DIDဖြစ်ကြသည့်သူတွေ၏ case 90%လောက်ကလဲ Childhood traumaနဲ့ပက်သက်နေတယ်လို့ သိရှိရပါတယ်။

DID သည်စိတ်ကစဥ့်ကလျားရောဂါတစ်မျိုးပင်ဖြစ်ပါသည်။ လူတစ်ယောက်ရဲ့မှတ်ဉာဏ်အပိုင်းအခြားလေးတွေကနေတစ်ဆင့် မတူညီတဲ့စိတ်နေသဘောထားတွေ အပြုအမူတွေ အပြောအဆိုတွေဟာ ထိုလူရဲ့ ကိုယ်ထဲ(စိတ်)ထဲမှာ နေရာယူလာကြပါတယ်။

တချို့သောSymptoms တွေကတော့ တစ်ယောက်နှင့်တစ်ယောက် ကွဲပြားနိုင်ပါတယ်။

DID ရောဂါဖြစ်ပွားရာတွင် ကိုယ့်ရဲ့မသိစိတ်ကဖြစ်ပွားလာသည့် ကိုယ့်ခန္ဓာနှင့်အခြားစိတ်တွေဟာ အနည်းဆုံးနှစ်ယောက်ကနေ အများဆုံး အယောက်နှစ်ဆယ်ကျော်လောက်ထိရှိနိုင်ပါတယ်။

တခြားစိတ်နှင့်character တွေထွက်ပေါ်လာသည့်အချိန်တို့တွင် မိမိ၏မူလစိတ်အခြေအနေသည် ကွယ်ပျောက်သွားတော့သည်။ အသိစိတ်လွတ်ကာ မိမိကိုယ်တွင်းမှ အခြားစိတ်တစ်မျိုး၏နောက်ထပ်လူအသစ်တစ်ဦးအဖြစ် အသွင်ပြောင်းခံရတော့သည်။

တခြားစိတ်နှင့်character တွေထွက်ပေါ်လာသည့်အချိန်တို့တွင် မိမိ၏မူလစိတ်အခြေအနေသည် ကွယ်ပျောက်သွားတော့သည်။ အသိစိတ်လွတ်ကာ မိမိကိုယ်တွင်းမှ အခြားစိတ်တစ်မျိုး၏နောက်ထပ်လူအသစ်တစ်ဦးအဖြစ် အသွင်ပြောင်းခံရတော့သည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


အောက်ပါပုံကတော့ DIDရောဂါနှင့်ပက်သက်၍ ဟန်နီလေ့လာကြည့်ရှုဖူးသည့် ကိုးရီးယားကားတစ်ကားမှ ပုံကိုယှဉ်ပြထားခြင်းပါ။

သူတို့နှစ်ဦးလုံးဟာ လူတစ်ယောက်တည်းဖြစ်ပေမဲ့ character ကတော့ကွဲပြားသွားပါတယ်။

သူတို့နှစ်ဦးလုံးဟာ လူတစ်ယောက်တည်းဖြစ်ပေမဲ့ character ကတော့ကွဲပြားသွားပါတယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Effects of DID

DID ရောဂါခံစားရသူတို့သည် စိတ်ကျရောဂါ/ စိုးရိမ်ပူပန်လွန်းသည့်ရောဂါ/ မိမိကိုယ်ကိုကိုယ်နာကြင်စေနိုင်ခြင်း / လူထုလူဝေးနှင့်ကင်းဝေးလာခြင်း တို့ကိုပါခံစားကြရသည်။ နာတာရှည်ခေါင်းကိုက်ရောဂါနှင့် ဖျားနာခြင်းတို့ကိုပါခံစားကြရသည်။

Treatment

DIDရောဂါအတွက် treatments ကတော့ရေရေရရရာရှာမတွေ့သေးဘူးသိရပါတယ်။ ရောဂါတစ်ခုလုံးကို ကုသနိုင်သည့်treatments တွေမပေါ်ပေါက်သေးပေမဲ့ သူရဲ့symptomsတွေကိုတော့ အသက်သာဆုံးလျော့နည်းသွားအောင် medical therapy နည်းနဲ့ကုသပေးကြတယ်လို့ဖော်ပြထားပါတယ်။

   #################################

   #################################

#Honey_May
#Thank_you

ဟန်နီက psychologist လဲမဟုတ်ပါဘူးနော် ဟန်နီGoogle ကနေဖတ်ထားသည့်ဗဟုသုတလေးတွေကို ပြန်လည်ဝေမျှပေးထားခြင်းသာဖြစ်ပါသည်။

အမှားတစ်စုံတစ်ရာပါခဲ့သည်ရှိသော် ဟန်နီ့ရဲ့အမှားသာဖြစ်ပါသည်။

ဒီficလေးအတွက် အခုDIDရောဂါကို နားမလည်သည်များရှိလျှင် ပွင့်လင်းစွာမေးနိုင်ပါတယ်နော်။ ဟန်နီသိရင်တော့ ပြန်ဖြေပေးပါမယ်ရှင်။

#Honey_May
#Thank_you

Who Are You ? || Hiatus ||Where stories live. Discover now