Episode 5

670 75 11
                                    

" ကိုရယ် ...Noonစိတ်အဆင့်သင့်မဖြစ်သေးပါဘူးဆိုရော် ....သားလေးမရှိတဲ့နေရာမှာ သားလေးကိုလွမ်းဆွတ်ပြီးNoonဘယ်လိုမှနေနိုင်မှာမဟုတ်ဘူး ..."

"Noonရယ် ကိုသိပါတယ် မင်းရဲ့ခံစားချက်ကိုလည်း ကိုနားလည်ပါတယ် ....ဒါပေမဲ့ကွာ နှစ်တွေဘယ်လောက်တောင်ကြာခဲ့ပြီလဲ Singရဲ့ရောဂါကလည်းပြန်ဖြစ်နေပြန်ပြီတဲ့...P'တို့ကိုလည်း အဆက်သွယ်ဖြတ်ထားခဲ့တာဘယ်လောက်တောင်ကြာခဲ့ပြီလဲ ... အဖေတစ်ယောက်အနေနဲ့တာဝန်မကျေခဲ့ပေမဲ့ P'ရဲ့ညီတစ်ယောက်၊ Singလေးရဲ့ဦးလေးတစ်ယောက်အနေနဲ့တော့ ကိုတာဝန်ကျေချင်တယ်Noon...."

Mikတစ်ယောက် ခက်ခက်ခဲခဲဖြောင်းဖြတော့မှ Noonရဲ့အနှစ်နှစ်အလလခံစားခဲ့ရသမျှကို အလျှော့ပေးကာ ဘန်ကောက်သို့ပြန်ရန်သဘောတူလိုက်တော့သည်။

Mike Prachaya သည် Mr.Prachaya၏တစ်ဦးတည်းသောညီအရင်းဖြစ်သည်။ Sinto၏အားကိုးဖော် ဦးလေး....Khun Noonကတော့Mike၏ဇနီးဖြစ်လေသည်။

သူတို့ဇနီးမောင်နှံတွင် သားကလေးတစ်ယောက်ရှိခဲ့ပြီး ထိုသားလေးအသက်ခုနစ်နှစ်အရွယ်မှာပင်ကားမတော်တဆမှုဖြင့် အသက်ဆုံးရှုံးခဲ့ရသည်ဟု အတွင်းလူများထံမှသာသိခဲ့ရသည်။

သူတို့နှစ်ဦး၏သားလေး သေဆုံးခဲ့သည်နှင့်ပက်သက်၍ မီဒီယာများမှရော အတွင်းလူများထံမှ သတင်းတိတိကျကျမထွက်ခဲ့သည့်အတွက် ထိုကိစ္စမှာအချိန်ကြာလာခဲ့သည်နှင့်အမျှ လူတို့၏အာရုံမှတဖြည်းဖြည်းမှေးမှိန်ခဲ့လေသည်။

ထို့နောက်တွင်တော့ သူတို့မောင်နှံမှာ Singtoလေး၏အမေရင်းဆုံးပြီးသည့်နောက် မကြာခင်တွင်ပင် ဂျပန်သို့ပြောင်းသွားကြခဲ့ခြင်းဖြစ်သည်။
ယခုတော့ သားလေးမရှိတော့သည့် အမိမြေဘန်ကောက်သို့ပြန်လည်ခြေချရတော့မည်ကိုတွေးမိတော့ Noon၏ရင်ထဲတွင် နင့်ခနဲခံစားရသည်။

အရွယ်တောင်မရောက်လိုက်ရပဲ စောစီးစွာကြွေလွင့်ခဲ့ရသည့် ကလေးငယ်လေးအပေါ် မိခင်တာဝန်မကျေခဲ့သည့်စိတ်တို့သည် နှလုံးသားတစ်ခုလုံးကို သံမှိုနှင့် ထိုးရိုက်နေသလိုပင်နာကြင်ရသည်။

'လွမ်းလိုက်တာ Maeလွမ်းလိုက်တာ Maeနဲ့တူတဲ့ သားရဲ့ပါးချိုင့်လေးတွေကိုလည်း လွမ်းလိုက်တာကလေးရယ်....'

Who Are You ? || Hiatus ||Where stories live. Discover now