Singto အထက်တန်းတက်စဉ်ကဖြစ်သည်။
ကျောင်းယူနီဖောင်းဝတ်စုံနှင့် ကောင်လေးနှစ်ယောက်သည် အရှိန်ပြင်းပြင်းမောင်းနှင်နေသော ကားတစ်စီးပေါ်သို့ ရောက်ရှိနေကြသည်။
သူတို့နှစ်ယောက်ကတော့ Kongpob နဲ့ Gun Attaphanတို့ပင်ဖြစ်သည်။ Kongpob သည်ကားကို အရှိန်မြင့်သထက်မြင့်အောင်မောင်းနေသည်။ ဘေးနားက Gunကတော့ ကြောက်ရွံ့တုန်လှုပ်နေရှာသည်။
"Kongpob!! မင်းအခုငါ့ကိုသတ်ဖို့ကြံနေတာလားပြော....ကားကိုအခုချက်ချင်းရပ်ပေးကွာ! "
"စဉ်းစားစမ်းပါ Gunရာ ....မင်းမမှတ်မိဘူးလား ဒီနေရာကို....ငါကမင်းကိုမှတ်မိစေချင်တာ "
"အရူးကောင်!! ငါ့ကိုကားပေါ်က အခုချက်ချင်းချပေးလို့ပြောနေတယ်နော်!!! ရပ်စမ်း !!"
ကားစတီယာရင်ကို ရုတ်တရက်လာဆွဲရမ်းသည့် Gunကြောင့် တစ်ယောက်ရုတ်တရက်ဟန်ချက်ပျက်သွားသည့်Kongpob ....
Gunက ကားစတီယာရင်ကိုအတင်းကာရော ဆွဲရပ်ဖို့လုပ်နေသည့်ကြားမှ လမ်းဘေးသို့ရောက်ရောက်သွားသည့် ကားကိုအတည့်ဖြစ်အောင်လည်း မနည်းဆွဲထိန်းနေရသေးသည်။
"Gun ..မင်းဖယ်စမ်း! "
"မဖယ်နိုင်ဘူးကွာ ! ကားကိုရပ်ပေးလေ! "
လမ်းမပေါ်တွင် ဘယ်ဘက်သို့ရောက်သွားလိုက် ညာဘက်သို့ယိမ်းသွားလိုက်ဖြစ်နေသည့်သူတို့ကားလေးသည် တစ်ဖက်ယာဉ်ကြောသို့ ရောက်သွားကာ ကုန်တင်ယာဉ်ကြီးတစ်စင်းနှင့်ထိပ်တိုက်တွေ့တော့လေသည်။
ကားစတီယာရင်ကိုလုရင်း ကုန်တင်ကားကြီး၏ဦးတည်ရာသည် သူတို့ကားနှင့်မျက်နှာချင်ဆိုင်ဖြစ်လာသည်မလို့ ကားနှစ်စီး ထိပ်တိုက်မတိုက်မိစေရန်အတွက် Kongတစ်ယောက် စတီယာရင်ကို သူ့ဘက်သို့အားကုန်ပြန်ဆွဲရင် ဦးတည်ရာကိုပြောင်းလိုက်တော့သည်။
သို့သော် .....
ပြင်းထန်လှသည့်ကားအရှိန်သည် အကာအရံမရှိသည့် လမ်းမကြီးပေါ်မှတစ်ဆင့် တောင်စောင်းတစ်လျှောက်သို့ အတားအဆီးမဲ့စွာ တလှိမ့်လှိမ့်ကျသွားလေတော့သည်။ သူတို့နှစ်ဦးလုံးသည်လည်း ထိတ်လန့်တုန်လှုပ်စွာဖြင့်....
YOU ARE READING
Who Are You ? || Hiatus ||
Fanfictionမင်းကိုချစ်တဲ့သူတွေ အများကြီးရှိရင်ရှိမယ် ဒါပေမဲ့ မင်းချစ်တဲ့သူက ငါတစ်ယောက်တည်းဖြစ်နေရမယ် ..... မင်းချစ်တဲ့သူတွေ ရှိရင်ရှိခဲ့မယ် ဒါပေမဲ့ ငါကမင်းရဲ့အချစ်ဦးဆိုတာတော့ မင်းမှတ်မိရမယ်....