Prachaya မိသားစု၏ မနက်စာစားဝိုင်းသည် တိတ်ဆိတ်နေခဲ့သည်။ Singto၏အဖေ Mr.Prachaya ကမနက်စာကိုသာအာရုံစိုက်စားနေလေသည်။ Mr.Prachaya၏ဇနီးဖြစ်သူ Fanin ကတော့Kongpob ပန်းကန်ထဲသို့ ခေါက်ဆွဲသုပ်များထည့်ပေးနေလေသည်။
"Kong ...ဒီနေ့သားစားချင်တာပြောနော် Maeချက်ကျွေးမယ်.."
Krist ကတော့ Kongpobနှင့်မျက်နှာချင်းဆိုင်နေရာတွင် ထိုင်သည်မို့ မြင်တွေ့နေရသမျှအခြေအနေတွေကို အကဲခတ်နေမိသည်။
မနေ့ညကတည်းက SingtoကKrist ကိုအိမ်သို့ခေါ်လာသည်ကို တစ်အိမ်သားလုံးသိကြသည်မလို့ Krist အားမနက်စားကျွေးဖို့ပင်ပြင်ထားကြလေသည်။ စကားတစ်ခွန်းမှမပြောပဲ တိတ်ဆိတ်နေသည့်အခြေအနေကြီးတွင် သူများတကာအိမ်သို့လာပြီး မျက်နှာပူရသည်က Krist ပင်။
မနက်စာသုံးဆောင်ပြီးတော့ အိမ်အကူမိန်းကလေးတစ်ယောက်က ခွက်အသီးသီးထဲသို့ ကော်ဖီလာထည့်ပေးပြန်သည်။ အမှန်တော့ Krist တစ်ယောက်အိမ်သို့ပြန်ချင်နေပြီဖြစ်သည်။ သို့ပေမဲ့ အိမ်ရှင်တွေတောင် စားပွဲမှမထသေးတာ ကိုယ်ကထပြန်လို့မကောင်းသည်မလို့ သူတို့ပြီးသည်အထိလိုက်ထိုင်ပေးနေရခြင်းပင်။
'တော်တော် စနစ်ကျတဲ့မိသားစုပဲ..'
P'Sing ..မဟုတ်ပါဘူး မှားလို့ Kongpob ဆိုသူ၏ပုံစံကိုလည်းမသိမသာ ခိုးကြည့်နေမိသေးသည်။
P'Sing နှင့်တစ်စက်မှမတူ။ မျက်နှာကလည်း လူဆိုးလိုလိုဘာလိုလိုနဲ့ မျက်ကွင်းမည်းမည်းကြီးခြယ်ထားသေးသည်။ မနက်စာသာစားနေသည် မျက်နှာကကြည်ကြည်လင်လင်မရှိလှ။ အေးစက်ကာအရယ်အပြုံးပင်မလုပ်။
ထို့သိုတွေးမိတော့ တစ်ဖန် P'Sing ၏အဖေသည်လည်း ထိုနည်းလည်းကောင်းပင်။ မည်သူ့ကိုမျှရှိသည်မထင်သည့်ပုံ။ ခပ်တည်တည်သာ အေးဆေးစားသောက်နေသည်။
လေစိမ်းတို့သည် သူတို့လေးယောက်၏ထမင်းဝိုင်းအတွင်း တိုက်ခတ်နေသလားပဲ...အေးစက်စက်နှင့် ဘယ်လိုမိသားစုထမင်းဝိုင်းပါလိမ့်..?
"ကျွန်တော့်ကိုမနက်စာသုံးဆောင်ခွင့်ပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျ... "
ကော်ဖီသောက်ပြီးသွားတော့မှ Krist ကလက်အုပ်လေးချီပြီး နှုတ်ဆက်ဖို့ စကားစဆိုလိုက်သည်။ FaninကKrist ကို နှစ်နှစ်ခြိုက်ခြိုက်လေး ပြုံးပြပြီးစကားပြန်ဆိုလာသည်။
YOU ARE READING
Who Are You ? || Hiatus ||
Fanfictionမင်းကိုချစ်တဲ့သူတွေ အများကြီးရှိရင်ရှိမယ် ဒါပေမဲ့ မင်းချစ်တဲ့သူက ငါတစ်ယောက်တည်းဖြစ်နေရမယ် ..... မင်းချစ်တဲ့သူတွေ ရှိရင်ရှိခဲ့မယ် ဒါပေမဲ့ ငါကမင်းရဲ့အချစ်ဦးဆိုတာတော့ မင်းမှတ်မိရမယ်....