"ကျွန်မတို့ မိဘမဲ့ကလေးကျောင်းလေးကို Khun Faninက အခုလိုလစဉ်လှူပေးလို့ တကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင် ...."
"ဟုတ်ကဲ့ပါ မလိုပါဘူးရှင့်.... ကျွန်မကိုယ်တိုင်ကလည်း ကလေးချစ်တတ်တော့ ဒီတိုင်းကလေးတွေနဲ့လာတွေ့ရရင်ကို ပျော်ရွှင်ကျေနပ်မိလို့ပါ.... "
"ဟုတ်ကဲ့ပါရှင် ကျေးဇူးပါ...ဒါဆို ဟိုဘက်ကြွပါရှင် ကလေးတွေက Khun Faninလာမယ်ဆိုလို့စောင့်နေကြတာ Khun Faninကိုဆို သိပ်ချစ်ကြတာရှင်.."
Faninသည်လစဉ် မိဘမဲ့ဂေဟာတွင် အလှုအတန်းပြုလေ့ရှိသည်။ ကလေးတွေအတွက်လိုအပ်သည့် ပစ္စည်းများနှင့် ငွေကြေးတို့ကိုလှူဒါန်းသည်။
ထို့နောက် အလှူပြုသည့် ထိုတစ်ရက်တာလုံးကလေးငယ်များနှင့် ပျော်ရွှင်စွာဆော့ကစား၍သော်လည်းကောင်း ပုံပြင်ဖတ်ပြ၍သော်လည်းကောင်း အချိန်ကုန်ဆုံးလေ့ရှိသည်။
ညနေခင်းပိုင်း ပြန်ခါနီးတော့ မိဘမဲ့ဂေဟာမှုးစစ္စတာကလည်းလာနှုတ်ဆက်လေသည်။
Faninကားပေါ်သို့တက်ခါနီး ပျော်ရွှင်စွာပြေးလွှားကစားနေကြသည့် ကလေးငယ်များကို သူတို့နှစ်ဦးစလုံးပြုံးပြုံးလေးကြည့်နေမိကြသည်။
" ကလေးတွေဆိုတာ ဘုရားပေးတဲ့ဆုလာဘ်တွေလေ သူတို့လေးတွေက တကယ်ကိုအပြစ်ကင်းကြတယ် ဖြူစင်ကြတယ်.... အပြစ်လုပ်ကြတဲ့လူကြီးတွေ မိဘတွေကြောင့် ဖြူစင်တဲ့ကလေးတွေက အပြစ်ခံကြရတယ်....သူတို့လေးတွေရဲ့ဘဝအညွှန့်တုံးနိုင်တယ်ရယ်...."
ကလေးငယ်တွေကိုကြည့်ကာ စစ္စတာပြောလိုက်သည့်စကားတို့ကြောင့် Faninမျက်နှာလေး ကွက်ခနဲပျက်သွားရသည်။ ရင်ထဲမှစို့နင့်မှုသည် သူမရင်အားလှိုက်ကာ ကြေကွဲရစေသည်။
ဝမ်းနည်းသွားသော်လည်း ပြုံးပြုံးလေးသာ သူမပြန်ဖြေမိခဲ့သည်။
"ဟုတ်တာပေါ့...ကလေးတွေက အပြစ်ကင်းကြတယ်....အပြစ်မကင်းတာကတော့ ကျွန်မတို့လူကြီးတွေပေါ့..."
သူမအတွေးထဲတွင်တော့ ကြွေလွင့်သွားခဲ့ပြီဖြစ်သည့် သစ်ရွက်ငယ်လေး၏ပုံရိပ်တို့သည် တလွှင့်လွှင့်......
YOU ARE READING
Who Are You ? || Hiatus ||
Fanfictionမင်းကိုချစ်တဲ့သူတွေ အများကြီးရှိရင်ရှိမယ် ဒါပေမဲ့ မင်းချစ်တဲ့သူက ငါတစ်ယောက်တည်းဖြစ်နေရမယ် ..... မင်းချစ်တဲ့သူတွေ ရှိရင်ရှိခဲ့မယ် ဒါပေမဲ့ ငါကမင်းရဲ့အချစ်ဦးဆိုတာတော့ မင်းမှတ်မိရမယ်....