"Perawat....ကိုယ်လွမ်းနေခဲ့တာ ...မင်းကို"
တွန့်ခနဲပြုံးသွားသည့် နှုတ်ခမ်းသားတွေကြည့်ရင်း Krist တစ်ယောက် တံတွေးပါမြိုချမိတော့သည်။
ဟိုလူ့လက်ကလွတ်ပြီ အောက်မေ့ပါတယ်။ ဟိုလူ့ထက်ဆိုးတဲ့သူနှင့် ကြုံရတယ်လို့....
"P' ~~P'Kongpob ...?"
ထို့နောက်ကျွန်တော့်ရဲ့ လက်ကောက်ဝတ်လေးကို အသာကိုင်ကြည့်ပြီး ဖွဖွလေးပွတ်ပေးနေသည်။
"မင်းအနာတရဖြစ်မှာ ကိုယ်မကြိုက်ဘူး...မင်းကိုအခြားသူတွေ ထိတွေ့မှာလည်း ကိုယ်မကြိုက်ဘူး....ဂရုစိုက်ပါ Perawat ကိုယ့်ကိုစိတ်ပူအောင်မလုပ်နဲ့....မင်းအန္တရာယ်ဖြစ်တဲ့အချိန်တိုင်းတော့ ကိုယ်မင်းနားကို ရောက်လာနေမှာပဲ"
သူ့အားမျက်နှာတည်ဖြင့် စိုက်ကြည့်ကာဆိုလာသည့် Kongpob ၏မျက်ဝန်းတို့သည်ကြင်နာသည့်အရိပ်အယောင်မရှိပေမဲ့ လေးနက်သည့် အသွင်ကိုဆောင်နေသည်။
ယခု သူတို့နှစ်ယောက် အခြေအနေသည်ဘယ်လိုကြီးလဲ? သူ့ကိုများပိုင်းစိုးပိုင်နက်ဖြင့် ဘာတွေဘာပြောနေသည်လဲ? မသိရင်သူတို့အခြေအနေသည် ချစ်သူစုံတွဲတွေလိုလိုနဲ့...
ဟိုတစ်နေ့ညနေခင်းက ရုတ်တရက်အလစ် အနမ်းခံလိုက်ရသည်ကိုပြန်တွေးမိတော့ Kongpob လက်ထဲမှသူ့လက်ကို ပြန်ဆွဲရုတ်လိုက်သည်။
တော်တော်ကို လက်ရဲဇက်ရဲနိုင်တဲ့လူပဲ...
"ဟား..ဟား...အဟား..."
တွေးမိတွေးရာ လျှောက်တွေးပြီး အရှက်ပြေထရီတော့ သူ့အားအေးဆေးစွာပြန်ကြည့်လာသည့်Kongpob ကြောင့်ရယ်တာပင်ရပ်သွားရပြန်သည်။
"Khun P' krub ...ကျွန်တော်က အရွယ်ရောက်ပြီးသားယောကျာ်းလေးတစ်ယောက်ပါဗျ ကျွန်တော့်ကိုယ်ကျွန်တော် ကာကွယ်စောင့်ရှောက်နိုင်တယ်
ပြီးတော့ Khun P'နဲ့ကျွန်တော် ဒီလိုတွေပြောဆိုနေရလောက်အောင်လည်း ကျွန်တော်တို့မရင်းနှီးကြဘူးထင်တယ်.....အဲ့တော့ ကျွန်တော်နဲ့ Khunနဲ့ရင်းနှီးတဲ့ပုံစံတွေ လာမလုပ်ပါနဲ့ဗျာနော့်....ဘာပဲဖြစ်ဖြစ် အခုကိစ္စကတော့ Khun P'ဘာသာ ကျွန်တော့်ကိုလာကူတာဆိုတော့ ကျေးဇူးနဲနဲပဲတင်ပါတယ်...."
YOU ARE READING
Who Are You ? || Hiatus ||
Fanfictionမင်းကိုချစ်တဲ့သူတွေ အများကြီးရှိရင်ရှိမယ် ဒါပေမဲ့ မင်းချစ်တဲ့သူက ငါတစ်ယောက်တည်းဖြစ်နေရမယ် ..... မင်းချစ်တဲ့သူတွေ ရှိရင်ရှိခဲ့မယ် ဒါပေမဲ့ ငါကမင်းရဲ့အချစ်ဦးဆိုတာတော့ မင်းမှတ်မိရမယ်....