ဖတ်တော့ဖတ်နေသည်။ သို့သော်ခေါင်းထဲမဝင်။
မျက်လုံးညောင်း အချိန်ကုန်တာသာ အဖက်တင်သည်။ လူကသာထိုင်ခုံတွင်၊ စိတ်က ပြန်မလာသေးသော
ငနဲလေးဆီမှာသာရောက်နေလေခြင်း။ဒီကောင်လေးဘယ်တွေများသွားနေလို့ ဒီလောက်ကြာနေတာလဲဟ။
Taehyung ထိုင်ခုံမှထ၍ ပြတင်းပေါက်နားသွားကာ တစ်ချက်လေညင်းခံလိုက်သည်။ အသာအယာတိုက်ခတ်လာသော လေညင်းတို့က ထယ်ယောင်း၏မျက်နှာကို
လာရောက်ရိုက်ခတ် ကျီစယ်နေသလို သူ့ ငွေရောင်ဆံသားတို့ကိုပါ လေထဲမျောလွင့်စေသည်။မျက်လုံးကိုဖွဖွမှိတ်ကာ လေညင်းတိုက်သည်ကို
အနားယူခံစားနေလိုက်သည်။ တဖန် အခန်းနံရံတွင်
ချိတ်ဆွဲထားသော နာရီသို့လှမ်းကြည့်လိုက်သောအခါ
ညရှစ်နာရီပင်ရှိနေပြီ။"ကျစ်"
Taehyung စိတ်ပျက်စွာ စုပ်တစ်ချက်သပ်လိုက်ရင်း
Jungkook အားဖုန်းဆက်ရန် သူ့စားပွဲတွင် တင်ထားသောဖုန်းအားကောက် ယူလိုက်ကာ Jungkook နံပတ်အား နှိပ်၍ ဖုန်းကိုနားရွက်တွင် တေ့၍ တစ်ဖက်လူ၏
စကားသံကိုစောင့်နေလိုက်သည်။*လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါသဖြင့်....*
အရေးဆို ဒီဖုန်းထဲကမိန်းမကတစ်မျိုး။
ကြာရင်သူနဲ့ ညားတော့မယ်။Tae Jungkook ကိုဖုန်းခေါ်တာ ဒါနဲ့ဆို ၆ ခေါက်ရှိနေလေပြီ။ ဒီစပီကာမနဲ့ပဲတိုးနေသည်လေ။
စိတ်ညစ်စွာ သက်ပျင်းရှည်ကြီးတစ်ခုကိုကောက်ချလိုက်ကာဖုန်းကို ခုံပေါ်သာပြန်တင်ထားလိုက်သည်။အကိုနဲ့သွားတွေ့တာ အဲလောက်တောင်ကြာရသလား။
ပြန်လာရင်တွေ့မယ်.....အကောင်စုတ်လေး။အတွေးပင် မဆုံးသေး...တံခါးကို ဝုန်းကနဲဖွင့်ဝင်လာသူ။
ရှိသမျှသွားတွေအကုန်ပေါ်အောင် ဖြီးဖြနေလေသည်။
YOU ARE READING
DEAR FRIEND// TK ✔
RomantikWhen Friendship changes to Love ♡ (Taekook) [Yaoi] Top- Jungkook Bottom- Taehyung