အော်...၊
ဒီလက်ပတ်လေးတစ်ခု
ပေးပြီး နောက်ကြတော့
ငါ့ကိုဂရုတောင်မစိုက်တော့
ဘူးပေါ့။ထားပါ၊ ငါနားလည်ပေးလိုက်
ပါ့မယ်။ မင်းချစ်ရတဲ့သူက
Hani လေ၊ ငါမှမဟုတ်တာ။Tae ထိုလက်ပတ်လေးအား
တစ်စိမ့်စိမ့်ထိုင်ကြည့်နေသည်။
ကျောင်းခုံတန်းလေးတစ်ခုတွင်
အခါတိုင်းကဲ့သို့ တစ်ယောက်ထဲသာ။FA ဆိုတာဒါမျိုးကိုပြောတာနေမှာ။
Forever Alone လေ။
အမြဲတမ်းတစ်ယောက်ထဲ
ဘယ်သူမှမရှိဘူးပေါ့။ဘာပဲဖြစ်ဖြစ်ဒီလက်ပတ်လေး
ပေးတော့ ငါကမင်းအသိအမှတ်ပြု
တာကိုခံရတဲ့သဘောပေါ့။
ငါကျေနပ်ပါတယ်ဟာ။"BFF"
Tae ထိုစာတန်းကလေးအား
လက်ဖြင့်အသာပွတ်ကာ
ပါးစပ်မှလဲရွတ်မိသည်။BFF ဆိုတာ Best Friend Forever
ပါပဲလား။ အချစ်ဆုံးသူငယ်ချင်းတွေအဖြစ်
နဲ့ပဲ ပြီးဆုံးသွားမှာပေါ့။"ကဲ....ကင်မ်ထယ်မှိုင်း တစ်ယောက်ကတော့
အခါတိုင်းလိုပဲ မှုန်မှိုင်းနေပါရောလား"Tae အသံကြားတာကြောင့်
မသင်္ကာလို့မော့ကြည့်မိသည်။ဒီကောင်တွေက၊
ဟာ၊ ဒါဆို ဒီတစ်ခေါက်ပစ်မှတ်ကငါပေါ့။Tae ကိုစကားလာပြောသည်
မှာ ကျောင်းတွင်သိပ်နာမည်ကြီးသောအုပ်စု။
ကျောင်းသားတွေကိုလိုက်အနိုင်ကျင့်
တတ်သော အုပ်စုပင်။
သူတို့ကိုဆို လူတိုင်းကရှောင်ကြသည်။"ဆွဲခေါ်လာခဲ့"
"ဟာ..မလုပ်ပါနဲ့ကွာ...ငါတောင်းပန်ပါတယ်"
Tae မှာ ပြန်ခုခံရန်အင်အားလဲမရှိ။
ထိုကဲ့သို့ဖြစ်နေသော သူ၏ မိန်းကလေး
သာသာ ခန္ဓာကိုယ်ကိုလဲ သူမုန်း
သည်။ထိုသို့ပင် တရွတ်တိုက်ဆွဲခေါ်ခြင်း
ခံရကာ လမ်းကြားတစ်ခုထဲကိုပင်
ရောက်နေလေပြီ။
YOU ARE READING
DEAR FRIEND// TK ✔
RomanceWhen Friendship changes to Love ♡ (Taekook) [Yaoi] Top- Jungkook Bottom- Taehyung