Chapter(4)

3.1K 327 11
                                    

အုံ့ရီမှိုင်း​ဝေ​နေ​သောည။
မိုးများလည်းသန်းထန်​​နေသည်​​လေ။
တစ်​ခါတစ်​ခါ ​ကောင်းကင်​ယံ၌ ထွက်​​ပေါ်လာ​သော
လျှပ်​စီး​ကြောင်းများ​ကြောင့်​ ​ကောင်းကင်​ကြီး
တစ်​ခုလုံး လင်းထိန်​သွားရသည်​။

တစ်​အိမ်​သားလုံးအိပ်​​ပျော်​​နေပြီဖြစ်
သော်​လည်း အိပ်​မ​ပျော်​နိုင်​သူမှာ Hani ။
လက်​ထဲရှိ ​ကော်​ဖီခွက်​အား တစ်​စိမ့်​စိမ့်
သောက်​ကာ ပြတင်း​ပေါက်​နားတွင်​ရပ်​၍
နာကျည်းလှ​သော အတိတ်​ကိုပြန်​မြင်​​ယောင်​​နေမိသည်​။

"မကြာခင်​လာမှပါ...နင်​ချစ်​ရတဲ့သူက တခြားတစ်​​ယောက်​ကို သဲသဲတုန်​​အောင်​ချစ်​တာကို ထိုင်​ကြည့်​ရ​တော့မှာပါ"

ကော်​ဖီကိုတစ်​ချက်​​​မော့လိုက်​ပြီး နုတ်​ခမ်းများ
တွန့်​ချိုးသွားကာ ​ရေရွတ်​လိုက်​​သော နာမည်​တစ်​ခု။

"Kim Taehyung"

Hani က Taehyung ကိုဘာ့​ကြောင့်​ နာကျည်း​နေမိ
ပါသနည်း။

~~~~~~~~~~~~

"ဟင့်​အင်း...ထားမသွားပါနဲ့... ငါ ငါ​လေ..."

အိပ်​​နေရင်း တအီးအီးထ​ငို​နေ​သော
သူငယ်​ချင်း​လေး​ကြောင့်​ အိပ်​​နေတာ​တောင်
ပျက်​သွားသည်​။

ကိုယ့်​အိပ်​ရာမှတစ်​ချက်​ထကာ
Tae ၏ နှဖူးအား လက်​ဖြင့်​စမ်းကြည့်
လိုက်​သည်​။

"ဒီ​ကောင်​​လေး ကိုယ်​​တွေပူခြစ်​​နေတာပဲ...အဖျားတက်​လို့​ယောင်​တာ​နေမှာ"

"​တောင်းပန်​ပါတယ်​....Jungkook...မသွားပါနဲ့"

"​အေး​အေး..ငါရှိတယ်​...ဘာမှမဖြစ်​ဘူး...
စိတ်​ကို​လျှော့"

"အင်း အင်း...."

တအင်းအင်း ​အော်​ကာ ပြန်​အိပ်​သွား​လေသူ။
သူ့ငယ်​ချင်း​လေးအားကြည့်​ကာ ပြုံးမိသည်​။
ဒီတစ်​​လော Tae ကသိပ်​က​လေး​ဆန်​​နေသည်​​လေ။
က​လေး​လေးနှင့်​လဲပိုပိုတူလာသည်​။

ရေထည့်​ထား​သောဇလုံအ​သေး​လေးအား
Tae ကုတင်​​ဘေးရှိခုံတွင်​ချ၍
လက်​ကိုင်​ပုဝါတစ်​ခုအား
ရေဆွတ်​လိုက်​ကာ Tae နှဖူး​အား
ဖြည်းဖြည်းချင်းဆီသုတ်​​ပေးကာ
ကိုယ်​ပူကျ​အောင်​လုပ်​​ပေး​နေလိုက်​သည်​။

DEAR FRIEND// TK ✔Where stories live. Discover now