"Kim Taehyung!!!"
ဒေါသမျက်ဝန်းများဖြင့်ကြည့်နေသူ။
ထိုသူက ..။
သူ၏ သူငယ်ချင်း Jungkook ပင်။"မင်းက ငါမရှိတော့ သူငယ်ချင်း
အသစ်ရှာဖို့လုပ်နေတယ်ပေါ့""ဟင်....သူငယ်ချင်းအသစ်ရှာတာပဲ...ဘာဖြစ်လဲ..
မင်းလိုက်တားရအောင် ငါကမင်းရည်းစားမဟုတ်ဘူး""Taehyung ပါးစပ်ပိတ်...မင်းအခုလုပ်နေတဲ့ပုံက
အရမ်းအသားယူလွန်းနေတယ်...မင်းကအခြောက်လား
ဟမ်!?""ဘာ!?"
"မင်းသိလား ငါက အခြောက်တွေကိုအရမ်း
ရွံတယ်ဆိုတာ"ဒီတစ်ခါ Jungkook ပြောသော
စကားတွင် Tae တော်တော်ဝမ်းနည်းသွားသည်။"မင်းကငါ့ကိုအဲလိုတောင်ထင်ပြီပေါ့..."
အကယ်၍များသာ
Tae Jungkook ကိုချစ်မိ
နေမှန်းသိသွားရင် ဘယ်လောက်တောင်...
အား...မတွေးချင်ဘူး။မသိလိုက်ခင်မှာတင်
မျက်ရည်တို့က ပါးပြင်တွင်နေရာ
ယူသွားခဲ့ပြီ။ကြားထဲက Jimin မှာ ထိုင်ရမလိုလို
ထရမလိုလို ။
နောက်ဆုံးတော့လဲ သူတို့နှစ်ယောက်ကို
ခေါင်းညွှတ်၍ ထွက်သွားပေးတော့သည်။Tae ကလဲ အတိုင်းဆမရှိ ပြိုဆင်း
နေသော မျက်ရည်တို့အားမသုတ်မိ။"ငါမေးနေတယ်လေ...Taehyung...
မင်းဒီရက်ပိုင်းဘာတွေဖြစ်နေတာလဲလို့!!""မင်းငါ့ကို အခြောက်လို့ပြောရအောင်....
မင်းလဲငါ့ပါးကိုတောင်နမ်းသေးတာပဲလေ..
ငါကငါ့သူငယ်ချင်းကိုဖက်ရုံဖက်တာပါ""ငါတို့ကရင်းနီးပြီးသား အကြောင်းသိတွေလေ...
ပြီးတော့ ငါတို့ကြားမှာ အဲလိုစိတ်တွေမရှိဘူးဆိုတာ
ယုံတယ်...အခုဟာက မနေ့တနေ့ကမှတွေ့တဲ့သူကို...""တော်ပါတော့...."
Jungkook စကားပြောနေသည်ကိုဖြတ်ပြော
လိုက်သောကြောင့် Tae အားမကြည်သလိုကြည့်သည်။
YOU ARE READING
DEAR FRIEND// TK ✔
RomanceWhen Friendship changes to Love ♡ (Taekook) [Yaoi] Top- Jungkook Bottom- Taehyung