Chapter(14)

3K 307 17
                                    

Jungkook ထွက်​သွား​တော့မှ Tae လဲ
သူ့ကုတင်​​ပေါ်တွင်​ပြန်​လှဲ​နေလိုက်​ကာ
အနားယူ​နေလိုက်​သည်​။

Jungkook ကျ​နော်​ကိုအရမ်းအချိန်​​ပေး​နေရင်
Hani မ​ကျေမနပ်​ဖြစ်​မှာ​ပေါ့။
နဂိုထဲကမှ Hani က ကျ​နော့်​ကိုအမြင်​မကြည်​တာ။

မျက်​လုံးကိုအသာမှိတ်​ထားကာ
စိတ်​ပင်​ပန်းမှု​တွေ​ရော လူပင်​ပန်းမှု​တွေကို
ပါ ​ဖြောက်​ကာ အနားယူ​နေလိုက်​သည်​။

(တံခါးဖွင့်​သံ....)

Tae တံခါးသံကြား၍ ​ခေါင်းတစ်​ချက်​​ထောင်
ကြည့်​မိ​တော့ တစ်​​ယောက်​​ယောက်​​ကြောင့်
တံခါးပွင့်​လာသည်​ကို​တွေ့လိုက်​ရသည်​။

သွယ်​လျှ​သော မိန်းမလက်​များ။
Hani?
သူမ မျက်​နှာထားတည်​တည်​နှင့်
Tae ဆီသို့​လျှောက်​လာ​နေသည်​။

Tae လဲ ရုတ်​တရက်​ထကာ
Hani နားကို​လျှောက်​သွား​​တော့။

*ဖြန်း..!*

မထင်​မှတ်​ထားတဲ့ တိုက်​ခိုက်​မှု​ကြောင့်
တစ်​ပတ်​လည်​ကာ ကြမ်းပြင်​​ပေါ် ပစ်​လဲသွားသည်​။
Tae သူ့ပါးသူကိုင်​ကာ ကြမ်းပြင်​မှ
ချက်​ချင်းပြန်​ထကာ မဖြုံသလိုမျက်​နှာ​ပေး
မျိုးနှင့်​ Hani ကိုပြန်​စိုက်​ကြည့်​​ပေးလိုက်
တော့ သူမမျက်​နှာက ပို၍ပင်
ကြောက်​စရာ​ကောင်းသွားသည်​။

"မင်းဘာလို့ ငါ့ကိုအလကား​နေရန်​ရှာ​နေတာလဲ
Hani"

"​အော်​...နင်​ကပဲ​ပြောရတယ်​ရှိ​သေး၊
အံ့ပါ့ဟယ်​၊ ငါ့ကိုကို ကိုမြူဆွယ်​​နေတဲ့
ပိုင်းလုံးကြီးကများ"

"ငါဘယ်​မှာ မြူဆွယ်​လို့လဲ"

"ကိုကိုကအရင်​ကဆို ငါ့နားမှာပဲ​နေတာ၊
အခုနင့်​ဆီမှာပဲတစ်​ချိန်​လုံးရှိတယ်​ဆိုကထဲက၊
နင်​မြူဆွယ်​လို့ဆိုတာ အသိသာကြီး"

"ဒီမှာ Hani...Jungkook ကငါ့ကို
သူငယ်​ချင်းတစ်​​ယောက်​ထက်​မပိုဘူး၊
ငါကလဲသူ့ကို မ​မျှော်​လင့်​ဘူး"

"ပိုင်းလုံးစကားကိုငါယုံရ​အောင်​၊
ငါအရူးမှမဟုတ်​တာ"

"Hani!"

Hani လှည့်​ကြည့်​လိုက်​သလို Tae လဲ
လှမ်းကြည့်​မိ​တော့ Jungkook က
Hani ကို စိတ်​ပျက်​စွာကြည့်​​နေ​လေသည်​။

DEAR FRIEND// TK ✔Where stories live. Discover now