ကောင်းကင်၏ တိမ်တောင်တိမ်လိပ်တို့မှာ
မှောင် ရီမှိုင်းစပြုလာပြီဖြစ်သော ကောင်းကင်ပေါ်
တွင် နေရာယူလျက်။ဆည်းဆာချိန်ဖြစ်သောကြောင့် ကောင်းကင်
မှာ အရောင်အသွေးစုံလင်ကာလှပလျက်ရ
ှိသည်။တရိပ်ရိပ်ဖြတ်ပြေးသွားသော တိမ်ပါးပါးတို့မှာ
လေယူရာအရပ်သို့သယ်ဆောင်ခြင်းခံ
ရသည့်တိုင်းလွှင့်မြောနေစဲ။လူတို့မှာလဲ ညနေချိန်ဖြစ်သောကြောင့်
အလုပ်ကပြန်တဲ့သူကပြန်ကြလေပြီ။တက္ကသိုလ်ကျောင်းသားများမှာတော့
ဆန့်ကျင်စွာ ကျောင်းဝန်းထဲသို့တရေးရေး
တိုးဝင်လာကြလေပြီ။အကြောင်းမှာတော့ မီးပန်းပွဲတော်အတွက်ပင်။
ပျော်ရွှင်စွာ လျှောက်လှမ်းလာကြသော
ကျောင်းသူကျောင်းသားများမှာတော့
အပြုံးကိုယ်စီဖြင့်။ထိုထဲတွင် အဆောင်မှထွက်လာသော
Taehyung နှင့် Jungkook တို့လဲပါသည်။ညအအေးဒဏ်ကိုကာကွယ်ရန်ထင်သည်။
Taehyung ရှပ်အင်္ကျီကို အပေါ်မှ Hoddie
အနီလေးကို သူ၏နဂို ငွေရောင်ဆံသား
တို့နှင့်လိုက်ဖက်စွာဝတ်လာသည်။ခပ်ပွပွ Hoddie ကြီးမှာ Tae ၏
ခန္ဓာကိုယ်လေးကိုဖွက်ထားသကဲ့သို့
ဖြစ်နေသည်။Oh My God!
ချစ်ဖို့ကောင်းလိုက်လေခြင်း။အစိုးမရဖြစ်နေသော စိတ်တို့အား
မနည်းထိမ်းချုပ်ကာ အားယူ၍
Tae အားစကားပြောလိုက်သည်။"သွား-သွားမယ်လေ"
"အင်း Kook"
Tae အပေါ်ဖြစ်တည်နေသော
ခံစားချက်တို့ကို သူတစ်ထစ်ချ
ယုံကြည့်ရလေမလား။သူစိတ်ကစားတာကိုမသိပဲ
အမှန်ပါလို့ Tae ကိုဖွင့်ပြောပြီးမှ
တစ်ချိန်သူစိတ်ပြောင်းသွားသော
အချိန်တွင် အသံကွဲကျန်ရမည့်
သူ့ကို အားနာမိသည်။
YOU ARE READING
DEAR FRIEND// TK ✔
Любовные романыWhen Friendship changes to Love ♡ (Taekook) [Yaoi] Top- Jungkook Bottom- Taehyung