"အား.....!!!!"
နှစ်ယောက်လုံးမှပြိုင်တူထွက်လာ
သောအသံပင်။ကုတင်ပေါ်မှာ ထိုင်နေသော Tae
အား Jungkook မမြင်ပါ။
ထို့ကြောင့် သူ့သဘတ်ကို
ချွတ်ချလိုက်သည်ကို
Tae ကထအော်တော့
Jungkook ကပါလန့်ကာပြိုင်တူ
ထအော်မိခြင်း။"လန့်တာ ငထယ်ရာ...ဘယ်တုန်းကထဲက
ရောက်နေတာလဲ""ဟို...ဟို..."
Tae မှာ Jungkook ဘက်ကို
မကြည့်ပဲ နံရံဘက်သို့ မျက်နှာလွဲ
ထားကာ လက်ညိုးတစ်ထောင်
ထောင်ဖြင့် တဟိုဟို လုပ်နေခြင်းသာ။"ခု ခုဏကမှပါ...ငနဲ...မြန်မြန်ဝတ်လေကွာ
ဒီလို မွေးရာပါဗီဇအတိုင်းနေတာကောင်း
တယ်များမှတ်နေလား"Tae အပြောကြောင့် Jungkook
ခွီကနဲသာရီချလိုက်သည်။"ဘာလဲ ရှက်လို့လား"
"မ မဟုတ်ဘူး...မင်းက သဘာဝပုံနဲ့
ကြည့် ကြည့်မကောင်းလို့ဟ...မြန်မြန်ဝတ်ပါ
ယုန်စုတ်ရ""အေးပါကွာ..."
Jungkook လဲပြုံးစိစိဖြင့်သာ
ဗီရိုထဲမှ အဝတ်များထုတ်ကာ
သပ်သပ်ရပ်ရပ်ဝတ်ဆင်လိုက်
တော့သည်။Tae မှာပြောသာပြောရသာ
စကားက အထစ်ထစ်နဲ့ရှက်နေသည်။
မျက်နှာကြီးနီရဲလာသည်ကိုလဲ
Jungkook မြင်မှာစိုး၍
ခေါင်းငုံးကာ ကြမ်းပြင်ကို
ဟိုကြည့်ဒီကြည့်
ကြည့်စရာမရှိ ရှာကြံကြည့်နေသည်။"ငထယ်မျောက်...အင်္ကျီမလဲပဲ ဘာထိုင်လုပ်နေတာလဲ.."
အင်....
နေ့ချင်းညချင်းကို
အခေါ်အဝေါ်များကိုပြောင်း
သွားတော့သည်။မနက်က Tae တဲ့၊
အခုကြတော့ ငထယ်မျောက်တဲ့။"အဲ ...ဟို...."
ထစ်ပြန်ပြီ ဒီပါးစပ်၊
လခွမ်း။"အော်...ငါသိပြီ...ငါအပြင်မှစောင့်နေမယ်..
ပြီးရင်ထွက်လာခဲ့...နော်""အင်း"
ထိုအခါမှသာ Taehyung လေး
Blush ရောဂါသက်သာပေမည်။
YOU ARE READING
DEAR FRIEND// TK ✔
RomanceWhen Friendship changes to Love ♡ (Taekook) [Yaoi] Top- Jungkook Bottom- Taehyung