"ပြန်လာပြီပေါ့...Taehyung shi"
လုံးဝမယုံနိုင်လောက်အောင်ပြောင်း
လဲသွားသော Hani ကိုသူကြောင်ကြည့်
နေမိသည်။ အရင်ကကဲ့သို့ ကောက်ကျစ်
သောမျက်နှာပေး ခပ် ဟေ့ဟေ့ ဒီဇိုင်းမျိုး
မဟုတ်တော့ပဲ တည်ကြည် ရှင်းလင်း
နေသော ပုံစံကြောင့်ပင်။"အာ...Taehyung ssi ကိုတောင်းပန်
ချင်တာလဲပါလို့ပါ""မင်းဘယ်လိုသိတာလဲ"
"Taehyung ssi ရဲ့ မိဘတွေပြော
တာပါ Hani တောင်မနေ့ကမှသိတာ""Aww..ဒါနဲ့ Hani တော်တော်ပြောင်းလဲ
သွားတယ်နော်"သူနဲ့ Tae အပြင်ဘက်လို့လမ်းလျှောက်လာရင်
ဆွေးနွေးနေမိသည်။"အင်း..စိတ်ရောလူပါဆိုပါတော့...
အရင်က Hani တော်တော်ကိုစိတ်ထင်ရာ
လျှောက်လုပ်ပြီး ဆိုးခဲ့တာပဲ..""ဆိုပါအုန်း..ဘယ်လိုပြောင်းလဲသွားတာလဲဆိုတာ"
"အဲဒါက.."
Flash Back start~~
Jungkook ကိုဆေးရုံမှ Nurse များ
ဆွဲထုတ်သွားပြီးနောက် Hani လဲ
ထိုဆေးရုံမှ ထွက်လာခဲ့သည်။အမှန်တိုင်းပြောရမည်ဆိုလျှင်
Hani လဲ Taehyung သေသွားပြီ
ဆိုတာကို ဝမ်းနည်းမိသည်။
သူ့အပြစ်တွေလို့ခံစားနေရသည်။ဒါကိုသူ့နောက်ကိုလိုက်လာ
သောတစ်ယောက်။ Jimin
သည် သူ့အားမကျေနပ်စွာပြော
ပေမဲ့ သူကတည်တည်ငြိမ်ငြိမ်
ပဲပြောသည်။"Hani..ဒါမင်းရဲ့ အတ္တတွေကြောင့်
အကုန်ဖြစ်တာပဲ...အမုန်းတရားဆိုတာ
နှစ်ဦးနှစ်ဖက်လုံးအရှုံးကြီးပဲ...ဒီလိုဖြစ်
သွားလို့ရော မင်းအတွက်ဘာအမြတ်များ
ရသွားလဲ"Hani လဲမျက်နှာသေနှင့်ခေါင်းသာ
ခါလိုက်သည်။ သူဒီလိုလုပ်ရခြင်း
အကြောင်းအရင်းကို ဖြေရှင်းချက်
ပြောလိုက်တော့ Jimin စိတ်ညစ်သွားသည်။"လက်စားချေတော့လဲ အတိတ်ပြန်သွား
လို့မရဘူး..""အာ့ကြောင့် ဒီကိစ္စတွေဖြစ်တဲ့
အချိန်မှာငါ ရလဒ်ကိုသိလိုက်ပြီ...
ငါအမှားကြီးမှားသွားတယ်ဆိုတာကိုပဲ"
YOU ARE READING
DEAR FRIEND// TK ✔
RomansWhen Friendship changes to Love ♡ (Taekook) [Yaoi] Top- Jungkook Bottom- Taehyung