"Kook ဘာယူမလဲ"
"Tae ကြိုက်တာသာရွေးပါ..ကိုယ်ကအဆင်ပြေတယ်"
လက်ထက်လက်စွက်လာရွေး
နေကြခြင်းပင်။ Tae က လက်စွမ်နှစ်မျိုး
အားသူ့လာပြကာ မေးနေခြင်းကြောင့်
ချစ်သူ၏ သဘောအတိုင်းဟုပြန်ပြေလိုက်သည်။အခုဆို Jungkook ဆေးရုံကဆင်းလာသည်မှာ
၁ ပတ်ရှိသွားပြီ။ ဆေးရုံကဆင်းတာနဲ့
Hoseok အား Tae နှင့်သူ လက်ထပ်မည်ဟု
တဂျီဂျီနှင့် ဂျီတိုက်ထားကာ ပိုက်ဆံထုတ်
ခိုင်းရာမှ အခုလောက်ကဲ့သို့တော်ရာကျသည်။
ကိုယ်ကအမြန်ယူချင်နေသည်ကို သူက
ဘာမပြင်ဆင်ပဲနဲ့ ညာမပြင်ဆင်ပဲနဲ့
နေမကောင်းသေးပဲနဲ့ ဆိုကာ
နောက်အပတ်လောက်မှ လုပ်ခိုင်းသည်လေ။Jungkook မှာ မိဘများမရှိတော့ပါ။
ထို့ကြောင့် သူအလယ်တန်းကျောင်းသား
အရွယ်ကထဲက သူ့အကိုနှင့်သာ
တူတူနေလာခဲ့သည်။"Tae ရွေးတာလှတယ်မလား"
သူရွေးထားသော Platinum ဘောင်
ကွပ်ထားသော စိန်လက်စွပ်လေး
ကိုလှပြတော့ မျက်လုံးထဲမှာ ထိုဒီဇိုင်းက
အလှဆုံးဖြစ်နေခဲ့သည်။"အင်းပေါ့ Tae ရဲ့..ကိုယ့်ရဲ့ Fashion King
လေးပဲဟာ""ခိခ်...."
သဘောကျစွာ တခစ်ခစ်ရယ်သွားလေ
သော Tae မှာ သူ့အတွက်တော့
အသာယာဆုံးနေ့တစ်နေ့ကိုဖန်တီးပေး
လိုက်လေပြီ။ကျသလောက်ပိုက်ဆံရှင်းကာ
ထို လက်ထပ်လက်စွပ်ဆိုင်လေး
မှထွက်လာခဲ့သည်။မင်္ဂလာပွဲအား သန်ဘက်ခါကျင်းပ
မည်ဟု စီစဉ်ထားသည်။ ဖိတ်စာ
တို့ကိုလဲ ဝေပြီးသွားလေပြီ။ချစ်သူနှစ်ဦး၏ မင်္ဂလာဆောင်မှာတော့
လူတွေစည်ကားနေကာ ပျော်ဖို့ကောင်း
နေလိမ့်မည့်အကြောင်းကို အခုထဲကတွေးကာ
ရင်တွေတလှိုက်လှိုက်ခုန်နေကြတော့သည်။Tae မှာတော့ မင်္ဂလာနေ့ကိုမစောင့်နိုင်
တော့ဘူးဟုသာ တဂျီဂျီ အော်နေသည်။
ထို မင်္ဂလာပွဲသာပြီး၍ ညရောက်သော်
သူဘာဖြစ်မည်ကိုမစဉ်းစားမိဘူးထင်သည်။
YOU ARE READING
DEAR FRIEND// TK ✔
RomanceWhen Friendship changes to Love ♡ (Taekook) [Yaoi] Top- Jungkook Bottom- Taehyung