Chapter(8)

2.8K 339 30
                                    

ငါရူး​တော့မယ်​။

ပြိုကျလာ​သော
မျက်​ရည်​များကိုလုံးဝမသုတ်​မိ။
Jungkook ​ကြောင့်​ဖြစ်​​ပေါ်လာ​သော
မျက်​ရည်​များကို မထိန်းချုပ်​​တော့ပဲ၊
လွတ်​လပ်​စွာစီးဆင်းခွင့်​​ပေးလိုက်​သည်​။

တရှုံရှုံ့ထိုင်​ငို​နေ​သော
Tae အား လူ​တွေအမြင်​တွင်
သူငယ်​ပြန်​​နေသည်​။
ရူး​နေသည်​ဟု ထင်​​ကောင်းထင်​လိမ့်​မည်​။

ဒါကို Tae ​ယောင်းဂရုမစိုက်​ပါ။
သူသိသည်​က သူ့ရင်​ဘတ်​တစ်​​နေ
ရာမှ ချစ်​သူ​ပေး​သော ​ဝေဒနာ
ကကြီးဆိုးထား​သော​ကြောင့်
သူတအားမွမ်းကျပ်​​နေသည်​ကိုပင်​။

တစ်​ခုခုဖြစ်​လျှင်​ ​မော​မော
လာ​သော ရင်​က ဘာ​ကြောင့်​ပါသနည်း။

Jungkook ငါရူးပြီ။
မင်းသိရဲ့လား။

အ​ခြေအ​နေက ပိုပင်​စိုးလာပြီ။
ရင်​အစုံက နိမ့်​ချည်​မြင့်​ချည်​နှင့်
အသက်​ရှုကျပ်​လာပြီ။

အပြင်​ကခုံတန်းတွင်​ထိုင်​​နေသည်​မို့
လေတိုက်​သည်​​လေ။ ထိုက Tae အတွက်
ကံ​ကောင်းသွားသည်​​။

ဖြေး​ဖြေးချင်းဆီ​လေကိုရှုကာ
စိတ်​ကို တဖြည်းဖြည်း​ကြိုးစား​လျှော့
သည်​။

အတတ်​နိုင်​ဆုံးငြိမ်​​အောင်​​နေကာ
တိုက်​ခတ်​​နေ​သော ​လေညင်းက​လေး
များအား ​သေချာခံစားရှုရှိုက်​လိုက်​သည်​။

သို့မှသာ အသက်​ရှူကျပ်​ကာ
မောလာခြင်းက သက်​သာသွား
သည်​။

ခဏကြာ​တော့ ​ဘောင်းဘီအိတ်​ထဲ
ထည့်​ထား​သော ဖုန်း​လေးမှ တတီတီမည်​လာ
သော​ကြောင့်​ ထိုအဝင်​​ကောလ်​အား
Tae လက်​ခံလိုက်​သည်​။

"ဟုတ်​ Appa ...."

*Tae...မနက်​ဖြန်​ ​ကျောင်းပိတ်​တယ်​မလား*

"ဟုတ်​ Appa ဘာလို့လဲ"

*Appa ဆီကိုခဏလာလည်​​လေ၊
Appa မှာ​ပြောစရာလဲရှိ​နေတယ်​*

"ဟုတ်​ကဲ့...လာခဲ့မယ်​​နော်​..."

*ဒါပဲ​နော်​သား*

"ဟုတ်​ကဲ့ ဒါပဲ​နော်​"

ဖုန်းချလိုက်​ကာ ခြံအတွင်းရှိညမြင်​ကွင်းအား
လိုက်​ကြည့်​​နေလိုက်​သည်​။

DEAR FRIEND// TK ✔Where stories live. Discover now