Decemberလ ကျောင်းပထမဆုံးတက်တဲ့ရက်လေးမှာ
နနံက်စောစောကျောင်းတက်ရသည်မှာ ချမ်းစိမ့်စိမ့်နဲ့ မြူလေးများက လမ်းတစ်လျှောက်ကိုဖုံးလွှမ်းနေဆဲ❄
နောက်ကျလို့မဖြစ် ကျောင်းစစဖွင့်တဲ့ရက်ဆိုတော့
သူငယ်ချင်းများနဲ့မတွေ့တာကြာတော့တွေ ့ချင်လှပြီ"
ကျောင်းဝန်းထဲရှိ ပန်းခြံလေးထဲမှ
ခေါ်သံကိုကြားရလျက်
"စိုး စိုးရေ ငါတို့ဒီမှာ"
"မတွေ့တာကြာတော့ လှနေတာ"
"အပိုတွေပြောမနေပါနဲ့ ချစ်စုမ
နင်ကမှလှလာတာ""တကယ်!နေ့ခင်းကျရင် chocolate coffee ဝယ်တိုက်မယ်"
"ကုန်ကျစရိတ်တွေများနေပါဦးမယ်ဟယ်"
"ချစ်စုမ ငါတို့ဒီတစ်ခေါက် နောက်ဆုံးခုံမှာပဲ ထိုင်ရအောင်ဟာ"
"အဒါစိုးကိုပြော ရန်နိုင် ...ငါကကိစ္စမရှိဘူး"
"ဟဲ့ငါမှမမြင်ရတာ နင်တို့ကလဲ"
"အေးလေဟာ ရန်နိုင်... နင်ကလဲ
စိုးက လေးလုံးဖြစ်နေပြီ""ချစ်စုမ ရန်နိုင် နင်တို့ ငါ့ကိုလေးလုံးဆိုပြီး လှောင်တယ်ပေါ့"
"ငါစာတွေတအားဖတ်လို့ဖြစ်ရတာ မသိဘဲမပြောနဲ့"
"အော် Wattpadဆိုလား ဘာpadဆိုလားပဲ အဒါတွေဖတ်နေတာမလား
ဟို ယောကျ်ားလေးချင်း မိန်းကလေးချင်း ဟို ဟိုလိုကိစ္စတွေမလား😷""ဟဲ့ဘာတွေပျော့နေတာလဲ နင်ပဲအဒါတွေတွေး🙂"
"နင်ကလဲစနေတာကို"
"ရန်နိုင် ဟဲ့ ရန်နိုင်ဘာဖြစ်"
"ဟိုမှာကြည့်စမ်း"
"ဘာကြီးတုန်း"
"ဟိုးကကောင်မလေး
ကျောင်းဝန်းထဲကိုခြေလှမ်းတစ်လှမ်းချင်းစီလှမ်းလာကာ
ဆံပင်လေးကရှည်ရှည်လေး
အသားလေးကဖြူစွတ်နေတာပဲ လှလိုက်တာဟာ"
ရန်နိုင်လှမ်းပြလိုက်သောမိန်းကလေးကို
စိုးသဒ္ဒါတစ်ချက်လှည့်ကြည့်လိုက်လေသည်
YOU ARE READING
Strange Love💗
Teen Fictionတက္ကသိုလ်ကျောင်းသားကျောင်းသူတွေ ကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ💗 အချစ်ဆိုတာ မိန်းကလေးတစ်ယောက်နဲ့ ယောင်္ကျားလေးတစ်ယောက်ချစ်မှ ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ်ချစ်မိသွားတဲ့လူသားဟာ ယောင်္ကျားလေး လည်း ဖြစ်နိုင်သလို မိန်းကလေးလည်း ဖြစ်နိုင်ပါတယ်💗 🦋💗စိတ်ကူးယဉ...