ချစ်စုက စိုးသဒ္ဒါကိုလက်ဟန်ခြေဟန်ဖြင့် စိတ်လျှော့ဖို့ပြောနေပေမဲ့
စိုးသဒ္ဒါအတွက် နန်းသံစဉ်က အရမ်းချစ်ရတဲ့သူဖြစ်နေတော့
စိတ်ထဲမှာ နေရခက်နေခဲ့တယ်
"ရန်နိုင် နင်ဒီမှာစားမှာလား
ဟိုမှာနေရာလွတ်သွားပီ ငါနဲ့သံစဉ်ဒီမှာပဲစားတော့မယ်"
"အေးအေး ငါနဲ့စိုးသွားတော့မယ်နော်"
"အေးအေး"
စိုးသဒ္ဒါဘာမှမပြောနိုင်တော့ပဲ မျက်နှာတွေပျက်နေခဲ့
ကန်တင်းမှဝယ်ပီးထွက်လာခဲ့ကြတဲ့ချစ်စုနဲ့စိုးသဒ္ဒါ
ပန်းခြံလမ်းမှမဖြတ်တော့ဘဲEng departmentရှေ့ ထွက်ပေါက်ဘက်မှဖြတ်လျှောက်လာစဉ်
"စိုး နင်ကလဲ သိပ်စိတ်မကောင်းမဖြစ်ပါနဲ့"
"အင်းပါ သိပါတယ် ဒါမဲ့လဲ ရန်နိုင်က အဲ့လိုဆက်ဆံံတာမျိုး
ငါမကြိုက်ဘူး😒""ဒါမဲ့လဲ နန်းသံစဉ်ကရန်နိုင်ကိုချစ်တယ်နော်
ရန်နိုင်ပြောတဲ့တိုင်းလုပ်တယ်"ချစ်စုပြောတဲ့စကားကြားပီး စိုးသဒ္ဒါ မျက်နှာလေးမဲ့သွားတယ်
"နန်းသံစဉ်ကရန်နိုင်ကိုချစ်လို့ ရန်နိုင်ပြောတာကို နားထောင်ခဲ့တာပဲ" (အားမရှိတဲ့အသံလေးနဲ့)
…………………
ဒီလိုနဲ့ ရန်နိုင်နဲ့နန်းသံစဉ်တို့ကတော့
အတန်းတွေပျက် ချိန်းတွေ ့တာတွေနဲ့ပဲ အချိန်တွေကုန်ဆုံးနေတာပေါ့အတန်းထဲမှ နန်းသံစဉ်ကိုမနာလိုတဲ့ဖူးဖူးတို့ယမုံတို့က
နန်းသံစဉ်ရဲ့အတင်းအဖျင်းတွေပြောနေကြတာပေါ့ဟဲ့ ဖူးဖူး နန်းသံစဉ်ဒီနေ့တစ်နေ့လုံးမတွေ့ဘူးနော်
သူ့ရည်းစားနဲ့လျှောက်သွားနေမှာပေါ့ဟ
သူတော့ကျတော့မလားမသိဘူး sec semတောင်ရောက်နေပီကို စာလဲမလုပ်ဘူးနော်
tutoအမှတ်တွေကလဲ သိပ်မကောင်းဘူး
အမလေး စိတ်ပူမနေနဲ့ ကျတော့လဲ သူနှစ်ထပ်ကွမ်းနာမည်ကြီးသွားတာပေါ့ဟယ်
YOU ARE READING
Strange Love💗
Teen Fictionတက္ကသိုလ်ကျောင်းသားကျောင်းသူတွေ ကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ💗 အချစ်ဆိုတာ မိန်းကလေးတစ်ယောက်နဲ့ ယောင်္ကျားလေးတစ်ယောက်ချစ်မှ ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ်ချစ်မိသွားတဲ့လူသားဟာ ယောင်္ကျားလေး လည်း ဖြစ်နိုင်သလို မိန်းကလေးလည်း ဖြစ်နိုင်ပါတယ်💗 🦋💗စိတ်ကူးယဉ...