နောက်တစ်နေ့ မနက်စိုးသဒ္ဒါ ကျောင်းကို စောစောရောက်ရှိ
"အယ်! လူတောင်မရှိပါလား ရှင်းလင်းနေတာပဲ
၇နာရီ၂၀ပဲရှိသေးတာကိုး
ပန်းခြံလေးထဲပဲ သွားထိုင်တော့မယ်
ပျင်းလိုက်တာ သီချင်းနားထောင်မယ်
မျက်မှန်ဘယ်မှာတုန်း ...... ငါ့မျက်မှန်
အော်တွေ့ပြီ
အယ် ဟိုးဘက်ကခုံတန်းရှည်လေးပေါ်မှာ ထိုင်နေတာ
နန်း ပါလား
နန်း............"
အွန်နီး !
"နန်း ....... ကျောင်းကိုအစောကြီးရောက်နေပါလား"
"ဟုတ် ဒီနေ့စောစောနိုးလို့ စောစောလာလိုက်တာ
အွန်နီးကော?""အွန်နီးလဲရောပဲ လမ်းမှာကားလဲရှင်းတော့ စောစောရောက်နေတာ"
"ထမင်းချိုင့်မပါဘူးလား နန်း"
"အွမ်း နန်းမေမေက မအားလို့ မထည့်ပေးလိုက်ဘူး"
"မုန့်ဖိုးကလဲ
ဖုန်းဘေလ်သုံးလိုက်တော့
ဗိုက်ဖြည့်ဖို့မကျန်တော့ဘူး""အွန်နီးထမင်းချိုင့်ပါတယ်လေ တူတူစားမယ်"
ဟမ်! အာ......မလုပ်ပါနဲ့ အားနာစရာကြီး
"အားနာစရာမလိုပါဘူး နန်းရယ်
တို့တွေ ခင်ခင်မင်မင်နေကြရအောင်ပြီးတော့
အွန်နီးက ထမင်းများများပိုထည့်နေကြ
ချစ်စုတို့ရန်နိုင်တို့တွက်လေ ပိုထည့်လာတာလေ""Arrr.....
canteenကလဲ နေ့ခင်းဆို လူတွေပြည့်ကြပ်နေတာ
ဆိုင်အပေါက်ဝတောင်ဝင်လို့မရဘူး
၃ရက်တောင်ရှိပြီ နေ့ခင်းထမင်းမစားရတာ""ဟမ် ၃ရက်တောင်!!!!
နောက်ဆိုအွန်နီးထည့်ခဲ့မယ် ဝယ်မစားနဲ့""တကယ်ကြီးလား"
"တကယ်ပေါ့"
"ကျေးဇူးတင်လိုက်တာအွန်နီးရယ်"
"ရပါတယ် ကိုယ့်ညီမလေးတွက်ပဲ ထည့်ခဲ့ပေးမှာပေါ့"
ရုတ်တရက် နန်းရဲ့မျက်နှာလေးကိုကြည့်လိုက်တဲ့အခါ
နှုတ်ခမ်းထောင့်စွန်းမှာ
နှုတ်ခမ်းနီလေးများပေနေတာကို
တွေ့လိုက်ရတယ်
ကလေးမလေး တကယ့်ကိုကလေးလေးကျနေတာပဲ
နှုတ်ခမ်းနီတောင် ကောင်းကောင်း မဆိုးတတ်
အရမ်းလှချင်နေတာ ကလေးမလေးက
ကျွန်မရုတ်တရက် ပေနေတဲ့နှုတ်ခမ်းပါးပါးလေးကို
သွားသုတ်ပေးလိုက်မိတယ်
အယ် ......သူ ကျွန်မကိုဆိုက်ကြည့်နေတယ်
ကျွန်မသုတ်ပေးတာကိုငြိမ်ငြိမ်လေး ထိုင်နေတယ်ကျွန်မရင်ဘတ်ထဲက တဒုတ်ဒုတ်နဲ့ခုန်နေတာ💓
စိတ်ထဲကဘယ်လိုကြီးခံစားနေရလဲမသိဘူး
ခဏတာ ကျွန်မစိတ်တွေဝေဝါးနေခဲ့တယ်
နန်းကတော့ ပြုံးပြနေပေမဲ့ ရင်ထဲကတဒုတ်ဒုတ်ခုန်နေတာကြီးကြောင့် မျက်နှာတွေပူလာတယ်
"အွန်နီးကျေးဇူး......
နန်းကအဲ့လိုပဲ
နှုတ်ခမ်းနီဆိုးတိုင်းမညီဘူး
အမြဲနည်းနည်းပေပေသွားတယ်""အော် အင်း နန်းကနှုတ်ခမ်းနီမဆိုးလဲ လှနေတာပဲကို"
"တကယ်လား ဟီးဟီး"
"အမ် ငါတွေပြောနေမိပါလိမ့်"
သူကတော့ကျွန်မကို ရယ်ပြနေတယ်
ပန်းနုရောင်လေးသန်းနေတဲ့ နှုတ်ခမ်းလေးက
နမ်းရှိုက်မိအောင် လူကိုဆွဲဆောင်နေတယ်
ငါဘယ်လိုလုပ်ရမလဲ😫
ငါရူးများရူးသွားတာလားဟ
နန်းကိုညီမလေးတစ်ယောက်လိုခင်တာလေဟာ
ဘာဖြစ်လို့ဒီလိုခံစားချက်ကြီးခံစားနေမိပါလိမ့်
ငါ့မှာညီမလေးမရှိလို့
အဲ့လိုဖြစ်တာဖြစ်ပါလိမ့်မယ်😔
............
ဒီလိုနဲ့ စိုးသဒ္ဒါအောင်နဲ့ နန်းသံစဉ်တို့
နေ့အတူတူ ထမင်းစား စကားတွေပြော
kpopအကြောင်းတွေပြော စာတွေရှင်းပြတာတွေ
တခြားအကြောင်းအရာတွေ ပြောကြတာနဲ့
တဖြည်းဖြည်း သူငယ်ချင်းနီးပါး
တော်တော်လေး ရင်းနှီးကျွမ်းဝင်လာခဲ့ကြလေပြီ💞
............................................................
အပိုင်းလေးကနည်းနည်းတိုသွားတယ်
စိတ်ဝင်စားဖွယ်နဲ့ဖတ်ရှုပေးတဲ့
Readersလေးတွေကို
ကြယ်စင် ကျေးဇူးတင်ပါတယ်နော်💜
YOU ARE READING
Strange Love💗
Teen Fictionတက္ကသိုလ်ကျောင်းသားကျောင်းသူတွေ ကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ💗 အချစ်ဆိုတာ မိန်းကလေးတစ်ယောက်နဲ့ ယောင်္ကျားလေးတစ်ယောက်ချစ်မှ ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ်ချစ်မိသွားတဲ့လူသားဟာ ယောင်္ကျားလေး လည်း ဖြစ်နိုင်သလို မိန်းကလေးလည်း ဖြစ်နိုင်ပါတယ်💗 🦋💗စိတ်ကူးယဉ...