နန်းသံစဉ်လဲ စိတ်ထဲတမျိုးတော့ခံစားနေရတာ
အသေအချာပါပဲစိုးသဒ္ဒါရဲ့ ဝတ်ထားစားထားတဲ့ပုံစံလေးကို
သူပထမဆုံးကြိမ်မြင်ဖူးတာဖြစ်တယ်ခါတိုင်းကျောင်းတက်ရင် ထမီပဲဝတ်နေကြဆိုတော့
ပြီးတော့စိုးသဒ္ဒါက ထမီနဲ့ဆိုသိပ်ပြီးမလိုက်ဖက်ဘူးဒီလို ပေါ့ပေါ့ပါးပါး ယောကျ်ားလေးပုံစံလေးဝတ်ထားတာက
သူနဲ့အရမ်းလိုက်ဖက်တယ်မိန်းကလေးဆိုပေမယ့် မိန်းကလေးအချင်းချင်းကိုဆွဲဆောင်နိုင်တဲ့ စွမ်းရည်တွေ
သူ့မှာရှိနေတယ်အဲ့ဒိအချက်ကို နန်းသံစဉ်လဲသတိပြုမိတယ်
သို့သော် နန်းသံစဉ်က စိုးသဒ္ဒါကိုအစ်မတစ်ယောက်လိုသာ
ခံစားမိတာပါ ဒိထက်တော့မပိုနေပါဘူး..................
April လဆန်း၇ရက်နေ့
hello ချစ်စု လား
ပြော စိုး
ငါနောက်၄ရက်နေရင် မန္တလေးသွားမှာ နင့်ကိုနှုတ်ဆက်တာ
ဘာလိုချင်တုန်း ငါဘာဝယ်ခဲ့ရမလဲမလိုချင်ပါဘူး ဘာမှမဝယ်လာပါနဲ့ ရပါတယ်ဟာ
ငါရန်နိုင့်ဆီဖုန်းဆက်တာ မကိုင်လို့ဟ
ဟုတ်လား သူGameဆော့နေလို့ဖြစ်မယ်
မသိပါဘူးဟာ
သူ့ကိုလဲphနဲ့နှုတ်ဆက်မလို့ဟာ
နင်ပဲပြောပေးပါနော်
လိုချင်တာရှိရင် ဖုန်းဆက်လိုက်လို့အေးပါ ဂရုတစိုက်သွားနော်
အင်းအင်း
အာ့ဆိုဒါပဲနော်
အေးအေး bye
bye bye
..................
💦သင်္ကြန်အကြိုနေ့၁၃ရက်နေ့
နန်းသံစဉ်ကတခါမှရေထွက်ကစားလေ့မရှိ
ရုတ်တရက် ဆောင်းလွင်လွင် သူ့အိမ်ကိုလာလည်တယ်လေ
နန်း
ဟယ် ဆောင်း ဘယ်လိုဖြစ်ပြီး
ဒီနားမှာ ငါ့မောင်လေးတစ်ယောက်ရှိလို့
သူ့အိမ်ဝင်ရင်း နင့်ဆီလာလည်တာဟ
YOU ARE READING
Strange Love💗
Teen Fictionတက္ကသိုလ်ကျောင်းသားကျောင်းသူတွေ ကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ💗 အချစ်ဆိုတာ မိန်းကလေးတစ်ယောက်နဲ့ ယောင်္ကျားလေးတစ်ယောက်ချစ်မှ ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ်ချစ်မိသွားတဲ့လူသားဟာ ယောင်္ကျားလေး လည်း ဖြစ်နိုင်သလို မိန်းကလေးလည်း ဖြစ်နိုင်ပါတယ်💗 🦋💗စိတ်ကူးယဉ...