ငါ သူ့ကြောင့်ဘယ်လောက်တောင်ရူးခဲ့ရလဲ
ငါ...
ငါ သူ့ကြောင့် တနေ့ပီးတနေ့ကျောင်းကိုလာချင်တဲ့စိတ်တွေ
ဖြစ်လာခဲ့ရတာဘယ်မိန်းကလေးမှ ဒီလိုမျိုးတခါမှ
စွဲစွဲလမ်းလမ်း မချစ်ဖူးဘူးငါကိုက မိန်းကလေးအဖြစ် မွေးလာမိတာအမှားပဲ
နန်းနဲ့အတူရှိနေရင် ငါ့ကိုယ်ငါ မိန်းကလေးတစ်ယောက်လို့ဆိုတာမေ့နေခဲ့တယ်
နန်းက တကယ်တော့st8ပဲလေ ငါကိုကတစ်ဖက်သတ်ရူးပီးချစ်ခဲ့တာ💔
………
စိုးသဒ္ဒါ လိုင်းပေါ်လဲမတတ်
သူငယ်ချင်းများနဲ့လဲ ကျောင်းပိတ်တော့သိပ်ပြီးပြောပြောဆိုဆိုမရှိ
ခဏတာဝေးကွာနေတာပေါ့ချစ်စု က စိုးသဒ္ဒါကို ဖုန်းတွေဆက်တိုက်ဆက်နေပေမဲ့မကိုင်
စိုးသဒ္ဒါက သိပ်အစွဲအလမ်းကြီးတယ်
အစွဲအလမ်းကြီးတော့ခံစားရတာပေါ့ချစ်စုတစ်ယောက်လဲ အဖြစ်အပျက်များကိုသိချင်
စိုးသဒ္ဒါကိုလဲစိတ်ပူတော့
ဖုန်းထပ်မဆက်တော့ဘဲ
အိမ်ကိုလိုက်သွားခဲ့တယ်………
စိုး
စိုး
တံခါးဖွင့်ပါဦးးး
စိုးရေ ငါ့ကိုတံခါးဖွင့်ပေးပါ
တံခါးဖွင့်ဖို့ထွက်လာတဲ့စိုးသဒ္ဒါ
ချစ်စု နင်ကလေ ဘာလို့လိုက်လာတာလဲ
ဟဲ့ငါကစိတ်ပူလို့လေဟာ နင် ပြောရက်လိုက်တာ
နင့်ကငါ့အချစ်ဆုံးသူငယ်ချင်းပဲ
နင်တခုခုဖြစ်နေတယ်မလား
ဖုန်းဆက်တော့လဲ မကိုင်ဘူးချစ်စု နင်ပဲငါ့ကိုစိတ်ပူပေးတာ
ငါကနင့်သူငယ်ချင်းလေ
အင်းပါ လာလာ
အထဲဝင်နင့်အမေကောစိုး
စမ်းချောင်းက အဒေါ်အိမ်မှာ သွားအိပ်တယ်
ဟယ် နင်တစ်ယောက်တည်းပေါ့
အွမ်းပေါ့
နင်နေရဲတယ် တစ်ယောက်တည်း
အိမ်အကြီးကြီးမှာငါကနင့်လိုသရဲမှမကြောက်တာ
YOU ARE READING
Strange Love💗
Teen Fictionတက္ကသိုလ်ကျောင်းသားကျောင်းသူတွေ ကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ💗 အချစ်ဆိုတာ မိန်းကလေးတစ်ယောက်နဲ့ ယောင်္ကျားလေးတစ်ယောက်ချစ်မှ ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ်ချစ်မိသွားတဲ့လူသားဟာ ယောင်္ကျားလေး လည်း ဖြစ်နိုင်သလို မိန်းကလေးလည်း ဖြစ်နိုင်ပါတယ်💗 🦋💗စိတ်ကူးယဉ...