နောက်တစ်နေ့မနက် ကျောင်းတက်ချိန်
ရန်နိုင်မျက်နှာတည်နဲ့ရောက်လာကာ
"စိုး ငါနင့်ကိုပြောစရာရှိတယ်"
"အေး ငါကောပဲ"
"နင် နင် နင့်အပေါ်အဲ့လိုလုပ်မယ်လို့မထင်ထားမိဘူး"
"ရန်နိုင် ခုချိန်မှာ နင်ငါ့ကိုမုန်းနေမယ်ဆိုတာ ငါသိပါတယ်
ဒါပေမယ့် ငါ့အတွက် နန်းမရှိလို့မဖြစ်ဘူး ငါ့ဘဝရဲ့အရေးပါဆုံးလူတစ်ယောက်ပဲဟပီးတော့ နန်းကနင့်ကိုချစ်ခဲ့ပေမယ့် နင်ကမှ သူ့ကိုနွေးထွေးတဲ့အချစ်မှမပေးခဲ့တာ သူ နင့်ကြောင့် ဘယ်လောက်တောင်ဝမ်းနည်းခဲ့ရလဲ နင်သိလို့လား
နင်က နင်ဖြစ်ချင်တာတွေနဲ့ပဲ နန်းရဲ့စိတ်သဘောထားကိုအမြဲလစ်လျူရှုခဲ့တာလေ
ငါ့ရင်ထဲဘယ်လောက်တောင် နာကျင်ခဲ့ရလဲ နင်သိလို့လား""ဘာ! စိုး ငါအဒါသံစဉ်လေးကိုချစ်ခဲ့တယ် အပိုတွေနင်လျှောက်မပြောနဲ့"
"ရန်နိုင် နင်ဒီလိုခံစားဖူးလား
ကိုယ်ချစ်ရတဲ့သူက တခြားသူဆီမှာ ဝမ်းနည်းပူဆွေးပီး နှိပ်ဆက်ခံနေရတာ ငါ့ရင်ထဲပြောမပြရလောက်အောင် နာကျင်တယ်ဟ💢""စိုး နင်တော်တော်ပြောင်းလဲသွားပါလား နင်မိန်းကလေးတစ်ယောက်ကြောင့်နဲ့ အရူးတစ်ယောက်လိုဖြစ်သွားပါလား"
"ဟုတ်တယ် ငါကိုယ့်ငါ မိန်းကလေးကြောင့်နဲ့ရူးသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး
ဒါပေမယ့် ငါ့နှလုံးသားကတောင်းဆိုနေတာ
ပီးတော့ အဒါအချစ်ဆိုတာ နားလည်လာတယ်""ဟာ နင်တို့က နင်တို့က ဘယ်လိုတွေခံစားနေကြတာလဲ"
"စိုး ရယ် နင်လဲ ရုပ်ရည်လေးကကြည့်ကောင်းရက်နဲ့
ဘာလို့အဲ့လိုနေနေတာလဲ မိန်းကလေးက မိန်းကလေးလိုပဲနေစမ်းပါ
လောကကြီးကို မဆန့်ကျင်ပါနဲ့ပီးတော့ နင် သံစဉ်လေးကst8တစ်ယောက်ကို
နင် ဘယ်လိုလုပ်ပီး လုပ်ရက်တာလဲ""ရန်နိုင် ဒါတွေက အချစ်ကြောင့်ဖြစ်လာတာ
ငါဖန်တီးတာလဲ မဟုတ်ဘူး
နန်းဖန်တီးတာလဲ မဟုတ်ဘူး
ကံကြမ္မာက ဖန်တီးပေးတာ
ငါလဲ st8တစ်ယောက် နန်းလဲ st8တစ်ယောက်
ငါတို့လဲ ဘာလို့ဒီလိုတစ်ယောက်နဲ့တစ်ယောက် ဒီလိုစိတ်တွေဖြစ်လာလဲ မယုံနိုင်ခဲ့ပါဘူး
ဒါပေမယ့် အချစ်ဆိုတာ မျက်စိမှမရှိတာ st8အချင်းချင်း မချစ်နိုင်ဘူးဆိုလဲ မဖြစ်နိုင်ပါဘူး"
YOU ARE READING
Strange Love💗
Teen Fictionတက္ကသိုလ်ကျောင်းသားကျောင်းသူတွေ ကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ💗 အချစ်ဆိုတာ မိန်းကလေးတစ်ယောက်နဲ့ ယောင်္ကျားလေးတစ်ယောက်ချစ်မှ ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ်ချစ်မိသွားတဲ့လူသားဟာ ယောင်္ကျားလေး လည်း ဖြစ်နိုင်သလို မိန်းကလေးလည်း ဖြစ်နိုင်ပါတယ်💗 🦋💗စိတ်ကူးယဉ...