ဟဲ့ စိုး စိုး နင်ကလေဟိုဟာမလေးနဲ့ပဲ အချိန်ကုန်နေတယ်😒
ငါတို့နဲ့တောင် သိပ်မနေဘူး
ငါတို့တွက် ထမင်းလဲ သူ့ဆီပါသွားပြီ
နင်အဲ့ကောင်မလေးကို ကြိုက်နေတာလား
ဟာ...... ချစ်စု နင်ကလေ
ပေါက်ကရတွေလျှောက်ပြောပြန်ပြီ
နင်တို့တွက်လဲ နောက်နေ့ထမင်းထည့်ခဲ့မယ်
ဟုတ်ပြီလား
ဟာ... ထမင်းထည့်ဖို့ပြောနေတာမဟုတ်ဘူး
နင်အတန်းတွေပျက်ပြီး
သူနဲ့၂ယောက် ပန်းခြံထဲမှာ သွားသွားထိုင်နေတာ
ငါမသိတာကျနေတာပဲ
အော်...... သူကသူငယ်ချင်းမှမရှိတာ တစ်ယောက်တည်းကိုး
ငါမှမနေပေးရင် သူ့နားမှာဘယ်သူမှမရှိတာကို
အာ့ဆိုငါကျတော့:')
နင်က နင်က ရန်နိုင်ရှိတယ်လေ
ဟဲ့ ! အဲ့ကောင်ကသူ့ဟာမနဲ့ပဲ တစ်ချိန်လုံးနေနေတာကို
ဒါနဲ့ရန်နိုင်ကော ကျောင်းမလာဘူးလား
ပျင်းလို့ ကျောင်းမလာဘူးတဲ့
သူဒီတစ်ပတ်မတက်ဘူးလို့တော့ပြောတယ်အော် သူကလဲ
စိုး ... ရန်နိုင် လဲမလာဘူးဆိုတော့
နင်ငါနဲ့ပဲနေပါနော်
ဟိုဟာမလေးဆီမသွားနဲ့တော့လေ
ဟဲ့သူ့မှာ သူငယ်ချင်းမရှိပါဘူးဆို
ဟမ်... မဖြစ်နိုင်တာ
အဲ့ကောင်မလေးကဆယ်လီပဲကို
ဘာလို့သူငယ်ချင်းမရှိရမှာလဲ
ဘဲတွေများ ဝိုင်းဝိုင်းလည်လို့
ဒါမဲ့နန်းက သူမှမကြိုက်တာ
သူကြိုက်တဲ့သူကိုပဲတွဲမှာတဲ့
အော်အေးပါဟာ
...............
ဟဲ့ ရန်နိုင် နင် ခုမှပေါ်လာတော့တယ်
YOU ARE READING
Strange Love💗
Teen Fictionတက္ကသိုလ်ကျောင်းသားကျောင်းသူတွေ ကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ💗 အချစ်ဆိုတာ မိန်းကလေးတစ်ယောက်နဲ့ ယောင်္ကျားလေးတစ်ယောက်ချစ်မှ ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ်ချစ်မိသွားတဲ့လူသားဟာ ယောင်္ကျားလေး လည်း ဖြစ်နိုင်သလို မိန်းကလေးလည်း ဖြစ်နိုင်ပါတယ်💗 🦋💗စိတ်ကူးယဉ...