Library ထဲရောက်နှင့်နေသော
နန်းသံစဉ်တစ်ယောက်
ယောင်လည်လည်နဲ့ ဘယ်နားထိုင်ရမလဲမသိ
မုန့်စားချိန်ဆို libraryကလူများပြည့်ကြပ်လို့
ထိုင်စရာနေရာတောင်မရှိ
နန်းသံစဉ်နေရာရှာနေဆဲ
"ဟူး ထိုင်ခုံလဲမရှိပါလား အတွင်းခန်းထဲသွားကြည့်ကြည့်ရမယ်
တွေ့ပြီ အယ် တစ်ခုံပဲရှိတယ်
ဒီတစ်ခုံပဲခဏထိုင်ထားနှင့်မယ်"
နန်း...
အွန်နီး
"နန်း တစ်ခုံပဲရှိတာလား"
ဟုတ် နန်းလိုက်ရှာတယ် မရှိတော့လို့ "
"ရတယ်နန်း
နန်းထိုင် အွန်နီးကမတ်တပ်ပဲရပ်လိုက်မယ်"
"ဟယ် ဘယ်ကသာ အွန်နီးအဲ့လိုမလုပ်ပါနဲ့ "
"ရတယ် နန်းပဲထိုင်ပါ"
"အွန်နီးအဲ့လိုမလုပ်ပါနဲ့ အကြီးကထိုင်ရမှာပေါ့"
"ဒီကလေးမလေး ပြောမရဘူး
ဟုတ်ပါပြီ ထိုင်လိုက်ပါတော့မယ်"
"ကဲစကြရအောင်
phoneticကနေစပြီးရှင်းပြမယ်"
ဒီလိုနဲ့ နာရီဝက်လောက်တော့ အချိန်ကြာသွားပြီ
"အား !"
"ဟမ် နန်းဘာဖြစ်လို့လဲ"
"ဟို နည်းနည်းညောင်းလာလို့ လူကလဲမရှင်းတော့ဘူး"
"လာ အွန်နီးဆီကိုလာ"
"ဟမ် ဘာလို့လဲ"
ရုတ်တရက် စိုးသဒ္ဒါ
နန်းသံစဉ်ခန္ဓာကိုယ်ကိုလှမ်းဆွဲလိုက်တယ်
"အွန်နီး ...😳"
"အွန်နီးပေါင်ပေါ်မှာထိုင် ၁၅မိနစ်ပဲလိုတော့တာ"
"အွန်နီး ညောင်းမှာပေါ့ နန်းက ဝတော့လေးမှာ
မလေးမှာပါဘူးနန်းကလဲ ပေါ့ပေါ့လေးကို
ခဏပဲဟာ"
"ဟုတ်!"
စိုးသဒ္ဒါ အထိအတွေ့တစ်ခုကိုခံစားလိုက်ရတယ်
YOU ARE READING
Strange Love💗
Teen Fictionတက္ကသိုလ်ကျောင်းသားကျောင်းသူတွေ ကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ💗 အချစ်ဆိုတာ မိန်းကလေးတစ်ယောက်နဲ့ ယောင်္ကျားလေးတစ်ယောက်ချစ်မှ ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ်ချစ်မိသွားတဲ့လူသားဟာ ယောင်္ကျားလေး လည်း ဖြစ်နိုင်သလို မိန်းကလေးလည်း ဖြစ်နိုင်ပါတယ်💗 🦋💗စိတ်ကူးယဉ...