"အကို့ကိုချစ်ခဲ့တာမဟုတ်ရင်
ဘယ်သူ့ကိုချစ်ခဲ့တာလဲ"
ရှင်!
နန်းသံစဉ် ပြောထွက်ရခက်နေခဲ့ ဘာပြောရမှန်းမသိ စိတ်တွေထွေပြားနေကာ
"အကိုမေးတာဖြေလေ သံစဉ်လေး ဘာလို့ဘာမှမပြောတာလဲလို့"
"နန်း
နန်း
တကယ်တော့
နန်းမှာချစ်ရတဲ့သူရှိခဲ့တယ်"
ဘယ်လို!!
"ဒါဆို
အဒါကဘယ်သူလဲ ဘယ်ကကောင်လဲ"
"သူက
သူက မမစိုးသဒ္ဒါပါ"
"ဟမ် ဘယ်လို
သံစဉ် သံစဉ် ဘာတွေပြောနေတာလဲ
အကို နားမလည်ဘူး ""အကို မယုံလောက်ဘူးဆိုတာ နန်းနားလည်တယ်
ဒါပေမယ့် အကို့ကို အမှန်အတိုင်းပြောသင့်ပီထင်တယ်
မမစိုးသဒ္ဒါမရှိရင် မနေနိုင်ဘူးးး နန်းအပေါ်အရမ်းကောင်းခဲ့တယ် အဒါကို နန်းကသစ္စာဖောက်ခဲ့သလိုပါပဲ""အခုပြောချင်တာက သံစဉ်နဲ့စိုးတို့က မိန်းကလေးချင်း
ကြိုက်နေတာပေါ့ ဟုတ်လား"ဟုတ်
"ဘာတွေလဲ သံစဉ်ရူးသွားပီလား သံစဉ်က st8တစ်ယောက်မဟုတ်ဘူးလား"
"နန်းလဲအစက မမစိုးသဒ္ဒါကို အစ်မတစ်ယောက်လိုပဲ ချစ်ခဲ့တာ
ဒါပေမယ့်ကြာလာတော့ ခံစားချက်က ဒီလိုမဟုတ်တော့ဘူးး
နောက်ပိုင်း နန်းလဲ ကိုယ့်ကိုယ်ကို သိလာခဲ့တယ်
st8တစ်ယောက်မဟုတ်ခဲ့တော့မှန်း""ဒါဆို ညီမလေး အကို့ကို လှည့်စားခဲ့တာလားး"
"မဟုတ်ပါဘူး အကိုရယ် နန်းအကိုနဲ့တွဲဖို့ဆုံးဖြတ်ခဲ့တာတော့အမှန်ပါ
ဒါမဲ့နောက်ပိုင်း နန်းကို အကိုဆက်ဆံတာတွေက
တင်းကြပ်လွန်းတယ် နန်းကိုလဲ လှည့်ကြည့်ချင်တဲ့အခါမှကြည့်တယ် အကို့ဘက်ကပြောင်းလဲသွားတာလေ နန်းအကို့ကိုချစ်ဖို့ ကြိုးစားခဲ့ပေမယ့် ဘယ်လိုမဖြစ်နိုင်တော့ဘူး""သံစဉ် အဲ့လိုလူမှန်းအကိုမသိခဲ့ဘူး တော်တော် လှည့်စားတတ်ပီး ရက်စက်တဲ့မိန်းမပဲ ရုပ်ကလေးနဲ့မလိုက်အောင်ကွာ
အကိုရူးခဲ့တာ ချစ်ခဲ့တာကိုက အကိုမှားခဲ့တာ"
YOU ARE READING
Strange Love💗
Teen Fictionတက္ကသိုလ်ကျောင်းသားကျောင်းသူတွေ ကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ💗 အချစ်ဆိုတာ မိန်းကလေးတစ်ယောက်နဲ့ ယောင်္ကျားလေးတစ်ယောက်ချစ်မှ ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ်ချစ်မိသွားတဲ့လူသားဟာ ယောင်္ကျားလေး လည်း ဖြစ်နိုင်သလို မိန်းကလေးလည်း ဖြစ်နိုင်ပါတယ်💗 🦋💗စိတ်ကူးယဉ...