💔အမုန်းထဲက အချစ်💖
Amid Hate Love
အပိုင်း(၁)"သူ့နာမည် ဘယ်လိုခေါ်လဲ ဒေါ်ပြုံး"
သူက Tin ဖြစ်မည်ထင်သည် ကြားထားသည့်အတိုင်း မျက်နှာပေါ်တွင် ခက်ထန်မာကျောမှုက အတိုင်းသားမြင်နေရသည် မျက်မှောင်ကျုံ့ထားသည်က သူ၏ခန့်ညားသောမျက်နှာကိုပင် ဖုံးကွယ်သွားစေသည် အသက်ကသုံးဆယ်ဆိုပေမဲ့ ပသိုင်းမွှေးနဲ့ နှုတ်ခမ်းမွှေးတွေကြောင့် မျက်နှာကရင့်နေသည်
"သူက Can လို့ခေါ်ပါတယ် ဆရာ"
"မင်းက ဦးကောင်းမြတ်ရဲ့တူဆိုတာလား"
"ဟုပ် ဟုပ်ပါတယ်ဗျ"ကျွန်တော့ဘက်လှည့်၍မျက်မှောင်ကျုံ့မေးလာသောကြောင့် ပြာပြာသလဲဖြေလိုက်ရသည်
"ဟမ့် ယောကျာ်းလေးရော ဟုပ်ရဲ့လား"
"ဗျာ"
"ပုံစံ ပျော့တိပျော့ဖတ်နဲ့ အလုပ်ရော လုပ်နိုင်မှာမို့လို့လား"
"ကျ ကျတော် လုပ်နိုင်ပါတယ်ဗျ အိမ်မှာဆို အဘနဲ့"
"ရပြီ စကားကိုလိုတာထက်ပိုမပြောနဲ့ ဒီမှာ ဒေါ်ပြုံး သူ့ကိုအလုပ်သမားတန်းလျှားမှာနေရာထားပေးလိုက် ပြီးရင်သူလုပ်ရမဲ့အလုပ်တွေ တခါတည်းပြောပြထား"
"ပြီးတော့ မင်း မင်းကို ဦးကောင်းမြတ်ဆီက ငါအကြွေးနဲ့တစ်နှစ်သိမ်းခဲ့တာဆိုတော့ ဘာလစာမှခံစားခွင့်မရှိဘူးနော် ထွက်ပြေးဖို့တော့မစဉ်းစားနဲ့ မင်းရော မင်းဦးလေးကိုပါ ထောင်ထဲပို့ပြစ်မယ် တစ်နှစ်ပြည့်မှပြန်ရမယ်"
"ဟုပ်"
"သွားတော့ ရပြီ"ပြောပြီးလှည့်ထွက်သွားတဲ့ Tin ဆိုတဲ့လူကိုကြည့်ပြီး သက်ပြင်းချမိသည် ဦးကောင်းမြတ်က ငယ်စဉ်တည်းကပြုစုစောင့်ရှောက်လာတဲ့ကျေးဇူးရှင် လောင်းကစားလုပ်ပြီးကြွေးတွေပိတော့ Tin ဆီမှာရောင်းစားခဲ့သော်လည်း ကျေးဇူးရှင်တယောက်မို့ အပြစ်မမြင်ခဲ့မိပေ ဦးကောင်းမြတ်ကတော့ ဒီအိမ်ကြီးမှာရှိသမျှလူတွေအကြောင်းပြောပြနေကျဖြစ်သည်
* သူ သူကရော ဘယ်မှာပါလိမ့်*
ဦးကောင်းမြတ်ပြောပြနေကျ Nic ဆိုတဲ့နာမည်လေးနဲ့ ရင်းနှီးနေခဲ့တာကြာလေပြီ Tin နဲ့ ညီကိုရင်းပေမဲ့ စိတ်ဓာတ်လွန်စွာကွာခြားပြီး သဘောအလွန်ကောင်းသူတယောက်ဖြစ်သည် Tin ၏တစ်ဦးတည်းသော အချစ်တော်လဲဖြစ်သည်ဟုအမြဲပြောပြနေကျဖြစ်သည် အသက် ဆယ်နှစ်နီးပါးကွာသောကြောင့်အကိုကြီးအဖရာလိုဖြစ်နေပုံရသည်
"ဒေါ်ပြုံးရေ သားပြန်ရောက် အဲ အည့်သည်ရောက်နေတာလား"
တွေးနေတုန်း ပြုံးရွှင်စွာဝင်လာတဲ့ လူတယောက် ပါးချိုင့်လေးနှစ်ဖက်ခွက်နေအောင်ပြုံးနေလိုက်တာများ သေချာပါတယ် သူ သူက လူမမြင်ဖူးခင်တည်းက ကျတော့်နှလုံးသားထဲနေရာယူတာတဲ့ Nic ဆိုတဲ့သူပါပဲ
"သူက ဘယ်သူလဲ ဒေါ်ပြုံး"
"မောင်ကောင်းမြတ်ရဲ့တူ Can ပါ Nic"
"မင့်က မိန်းမချော ချောတာပဲကွ"
"Nic အိမ်ပေါ်လာခဲ့ မင်းကိုလူတကာနဲ့မရောဖို့ မှာထားတယ်မလား"
"ဟုပ်ကဲ့ ကိုကို လာပြီ"ကျတော်မျှော်လင့်ထားတာထက်အများကြီးပိုချစ်ဖို့ကောင်းနေတဲ့ ကိုကိုပါလား အို ခေါ်မိပြန်ပြီ စိတ်ကူးထဲက သူ့အတွက် ကျတော့ nickname လေးကို
"ရောက်ပြီလေ ခလေး ဘာတွေတွေးပြီးပြုံးနေတာလဲ"
"ဗျာ ဟို ဟို ဘာမှမတွေးပါဘူး ကြီးမေ"
"လာ ခလေး ဒါ ခလေးနေရမဲ့နေရာ ခလေးအလုပ်က မနက်ကျရင် ၅နာရီထရမယ် ပြီးရင်ခြံထဲမှာ ကူရမယ်နော် မနက်ရှစ်နာရီထိုးတာနဲ့ Nic ကိုနှိုးပေးရမယ် ပြီးတော့သူ့ဝေယျာဝစ္စနဲနဲကူပေး ပြီးတာနဲ့ လိမ္မော်ခြံထဲမှာ အလုပ်သမားတွေနဲ့အတူ ကူပေး ည၇နာရီဆိုမှနားလို့ရမယ် ဟုပ်ပြီလား"
"ဟုပ် ကြီးမေ"
"င့တူလေးက ချစ်ဖို့ကောင်းလိုက်တာကွယ် မိန်းကလေးသာဆို အတော် ချစ်စရာကောင်းမှာ"ဒေါ်ပြုံးသူ့ကိုခေါင်းလေးပွတ်ရင်း ပြောနေလေသည် ဒေါ်ပြုံးဆိုသည်မှာ ဒီအိမ်ကြီးမှာ Tin တို့ငယ်ငယ်တည်းကအလုပ်လုပ်နေသူလို့ ဦးကောင်းမြတ်ပြောပြဘူးသည်
"ကဲ ကဲ ခလေးနားတော့နော် ခရီးပမ်းလာတယ်မလား မနက်ကျစောစောထရဦးမှာ"
"ဟုပ်ကဲ့"ဒေါ်ပြုံးထွက်သွားတော့ ခြေလက်ဆေးအဝတ်စားလဲပီးအိပ်ယာပေါ်ခြေပြစ်လက်ပြစ်လှဲချလိုက်သည် ကျတော်မျှော်လင့်ခဲ့ရတဲ့ ကိုကိုနဲ့ တမိုးအောက်တည်းမှာ နေခွင့်ရခဲ့ပြီ ကျတော် ကိုကိုအကြောင်းတွေးရင်း တညတာကို အိပ်စက်ခြင်းနဲ့အတူ ဖြတ်ကျော်လိုက်သည်.....
Coming soon ...အပိုင်း(၂)

ВЫ ЧИТАЕТЕ
💔အမုန်းထဲက အချစ်❤
Фанфикနာကျည်းခြင်း မုန်းတီးခြင်းတွေကြားမှာ နက်ရှိုင်းတဲ့အချစ်တစ်ခုရှိနေမှန်း သိလိုက်ရချိန်.....