💔အမုန်းထဲက အချစ်💖
Amid Hate Love
အပိုင်း(၂၀)"ဘာဖြစ်ပြန်ပြီလဲ ဆရာရယ်"
"နာကျင်မှုတွေ ဖြေဖျောက်နေတာလေ"
"တခြားနည်းနဲ့ဖြေပါလားဆရာရယ် ဆရာခုလိုလုပ်နေတာ တခြားသူတွေမြင်သွားရင်မကောင်းပါဘူး"
"မြင်မြင်ကွာ ဘာလဲ မင်းကရှက်လို့လား ရှက်တယ်ဆိုပြန်လို့ရတယ်နော် Tin ဆိုတဲ့ငါက တယောက်တည်းလဲ နေတတ်တယ်ကွ"
"အ့လို မဟုပ်ပါဘူးဗျာ"စိတ်ညစ်ပါတယ်နော် လူမှန်းသူမှန်းမသိအောင်မူးနေတာ ဖုန်းဆက်ခေါ်တည်းက မူးနေပြန်ပြီဆိုတာ သိတယ် မြင်မြင်ချင်း မှတ်တောင်မမှတ်မိဘူး အရင်လိုနှုတ်ခမ်းမွှေးတွေနဲ့ခက်ထန်နေတဲ့ပုံစံမဟုပ်တော့ပဲတည်ကြည်ခန့်ညားနေလို့ ခုလဲမှောက်သွားပြန်ပြီ ပြန်ပို့ပေးရဦးမယ်
"ဟင် ဘယ်လိုဖြစ်ပြန်တာလဲ"
"မသိပါဘူး ကျတော့ကိုဖုန်းဆက်ခေါ်လို့ သွားခေါ်လာတာ"
"ခရီးသွားနေတာ ဘယ်ချိန်ပြန်ရောက်တာပါလိမ့်"
"အသဲကွဲနေတယ်ထင်တာပဲ"
"ဟေ"ဦးလှနဲ့ Pine တို့ပြောနေတာတွေကို အကွယ်ကနေချောင်းနားထောင်ရင်းကြားနေရပါသည် အသဲကွဲနေတယ်ဆိုပါလား ဒီလူကြီး နယ်သွားတာ သူ့ရည်းစားနဲ့သွားတွေ့တာနေမှာ ရန်ဖြစ်ပြီးပြန်လာတာများလား သူ့မှာရည်းစားရှိနေတာ ဘာလို့င့ကိုလဲမျှော်လင့်ချက်တွေပေးနေတာလဲ င့မှာတော့ ကိုကို့ကိုသစ္စာဖောက်မိလို့ စိတ်မကောင်းလိုက်ရတာ တကယ်တမ်းတွေးကြည့်တော့ င့ကဘယ်သူနဲ့မှ မတန်ပါဘူးလေ
ဘာပဲဖြစ်နေနေ Tin ဒီလိုမူးလာတာမြင်ရင်တော့မနေနိုင် ရေပက်တိုက် အကျီင်္လဲပေးပြီး စောင်ခြုံပေးထားလိုက်သည်*သူဘာလုပ်လုပ်ပေါ့ တစ်နှစ်မပြည့်မချင်းငါကသူပိုင်တဲ့ လူပဲမဟုပ်လား*
ခုနောက်ပိုင်း Tin ကျတော့ကိုတမင်တကာရှောင်နေသလိုပဲ တစ်ခန်းထဲအတူနေလို့သာအိပ်ချိန်အတူရှိကြပေမဲ့ အမြဲကျတော်အိပ်ချိန်မှပြန်လာသည် မနက်ကျတော်ခြံထဲသွားမှ အိပ်ယာထသည် ခြံထဲလာရင်လဲ သူ့ဘာသာစာရင်းတွေနဲ့အလုပ်ရှုပ်နေသည် ကျတော့ကိုစကားမပြောပေ တခုခုထူးဆန်းနေတာတော့သေချာသည် အသဲကွဲပြီးစိတ်ရှုပ်နေလို့များလား
![](https://img.wattpad.com/cover/185122643-288-k709352.jpg)
YOU ARE READING
💔အမုန်းထဲက အချစ်❤
Fanfictionနာကျည်းခြင်း မုန်းတီးခြင်းတွေကြားမှာ နက်ရှိုင်းတဲ့အချစ်တစ်ခုရှိနေမှန်း သိလိုက်ရချိန်.....