💔အမုန်းထဲက အချစ်❤
Amid Hate Love
အပိုင်း(၁၃)တစ်လဆိုတဲ့အချိန်ကာလကို ကျတော် Tin ရဲ့နှိပ်စက်မှုတွေနဲ့အတူဖြတ်သန်းလာခဲ့သည် ဘယ်လောက်ပင်ပန်းနေပါစေ အချိန်ကုန်လာတာနဲ့အမျှ ကိုကိုနဲ့တွေ့ဆုံရမဲ့အချိန်မြန်မြန်ရောက်ဖို့သာ ဆုတောင်းနေမိသည်
"Can ရေ ခလေးတွက်ပါဆယ်ရောက်တယ်တဲ့"
"ဟင် ပါဆယ်လား ဘယ်ကလဲ"
"သိဘူးလေ မနက်ကလာပို့သွားတာ"ပါဆယ်ပို့ပေးမဲ့သူမရှိပါဘူး ဘယ်ကပါလိမ့် ဘူးမှာဘာမှလဲရေးမထားဘူး ကျတော်သိချင်စိတ်နဲ့ အဝတ်အစားတောင်မလဲပဲ အရင်ဖွင့်ကြည့်လိုက်သည်
*ဟင် ph ဘူးလေးပါလား*
ဖုန်းဘူးထဲမှာစာလေးတစ်စောင်တွေ့လို့ဖတ်ကြည့်လိုက်တော့ ကိုကိုပို့ပေးတာဖြစ်သည် စာထဲမှာကိုကိုက ဖုန်းကိုခိုးသုံးဖို့ရေးထားသည် ဘယ်သူမှမသိစေချင်လို့ဖြစ်မည် ကိုကို့ကိုလွမ်းနေသမျှ ဖုန်းလေးနဲ့အလွမ်းဖြေရတော့မည် ကိုကိုက acc ပါဖွင့်ပေးထားပြီး gmail -pwပါရေးပေးထားသေးတယ် တိကျလိုက်တဲ့ကိုကို Sim cardဝယ်ချင်တာ ဘယ်လိုလုပ်ရပ့မလဲ ကျတော်အပြင်ကခြေနေထွက်ကြည့်တော့ Tin ပြန်ရောက်ပုံမရသေး
"ခလေး ဘာဖြစ်လို့လဲ"
"ဗျာ ဦးကြီး ဟို ကျတော်ဆေးဝယ်ချင်လို့"
"ဘာဆေးလဲ ဦးကြီး ဝယ်ပေးမယ်လေ"
"ရ ရပါတယ် ကျတော်ဘာသာသွားဝယ်လိုက်မယ်လေ"
"မြန်သွားမြန်ပြန်လာခဲ့ ဒါဆို"
"ဟုပ်"ကျတော် လမ်းထိပ်က ဖုန်းဆိုင်အမြန်သွားပြီး အမြန်ပြန်လာခဲ့သည် Tin ပြန်မလာခင်အမီပြန်ပါတယ်ဆိုမှ ခြံတံခါးနားအရောက် နောက်မှဟွန်းတီးလိုက်သောကြောင့် လန့်သွားသည်
"ဒါ ဘယ်ကပြန်လာတာလဲ"
"ဟို ဆေး ဆေးဆိုင်သွားတာပါ"
"င့အိမ်က ဇရပ်မဟုပ်ဘူးနော် ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်နေရအောင်"
"ဟုပ်ကဲ့"
"ပြောလိုက်ရင် ဟုပ်ကဲ့ ဟုပ်ကဲ့နဲ့ သွားတော့လေ ဘာရပ်လုပ်နေတာလဲ"
![](https://img.wattpad.com/cover/185122643-288-k709352.jpg)
YOU ARE READING
💔အမုန်းထဲက အချစ်❤
Fanfictionနာကျည်းခြင်း မုန်းတီးခြင်းတွေကြားမှာ နက်ရှိုင်းတဲ့အချစ်တစ်ခုရှိနေမှန်း သိလိုက်ရချိန်.....