💔အမုန်းထဲက အချစ်💖👣
Amid Hate Love
အပိုင်း(၁၆)"ရေချိုးမလား လန်းသွားအောင်"
"အင်း အ"
"ဘာဖြစ်လို့လဲ မထနိုင်ဘူးလား"
"အင်း ခေါင်းမူးလို့"
"ဒါဆို အဲ့မှာပဲထိုင်နေ ကျတော်ရေပက်တိုက်ပေးမယ်"သူ့ဘာသာပြောပြီး ရေချိုးခန်းထဲရေသွားခပ်နေတဲ့ Can ကို ကျတော်နားမလည်နိုင် တကယ်ဆိုသူကျတော့ကို အမုန်းကြီးမုန်းနေရမှာ ဘာလို့ ဂရုစိုက်နေရတာလဲ
"အကျီင်္ချွတ်လေ"
"ဟင် ဪ "ကျတော်သူ့ကိုနားမလည်စွာကြည့်ရင်း အကျီင်္ချွတ်လိုက်သည် သူကစိတ်ရှည်စွာသေချာရေပက်တိုက်ပေးနေသည်
"အဝတ်အစားတွေအသစ်လဲလိုက်ပါလား ကျတော်ဆေးသွားယူလိုက်ဦးမယ်နော်"
လူကြီးလေးတယောက်လိုပြောပြီးအဝတ်တစ်စုံထုတ်ပေးကာ အောက်ထပ်ဆင်းသွားသည် ကျတော်အဝတ်စားလြဲပီးလှဲနေရင်း တွေးနေမိသည် ကျတော်ကမုန်းတီးနေသလောက်သူဘာလို့ကျတော့ပေါ်မေတ္တာမပျက်ရတာလဲ စိတ်ထားကောင်းလွန်တဲ့သူ့ကြောင့် ကျတော့အမုန်းတွေတောင်အရည်ပျော်လုလုဖြစ်နေပြီ ကျတော်မနေ့ကနှိပ်စက်ထားလို့ တကိုယ်လုံးဒဏ်ရာတွေတောင်မပျောက်သေးပဲ ကျတော့ကိုပြန်ပြုစုနေသည် ဆေးနဲ့ ဆန်ပြုတ်ဗန်းလေးကိုင်ရင်းဝင်လာတဲ့သူ့ကိုကြည့်ရင်း နောင်တရမိသည်
"ဆန်ပြုတ်အရင်သောက်လိုက်ပါလား ပြီးရင်ဆေးသောက်ရအောင်လို့"
ကျတော့ရှေ့လာချပေးတဲ့ဆန်ပြုတ်ပန်းကန်ကို လှမ်းယူလိုက်တော့ပူသွားတာနဲ့ အော်လိုက်မိသည်
"အား"
"ဟင် ပူသွားပြီလား ခုမှပြုတ်လာတာလေ ပူမှာပေါ့ အောက်ကပန်းကန်ပြားလေးနဲ့ခံယူမှပေါ့ ပေး ပေး ကျတော်လုပ်ပေးမယ်"ကျတော့ဆီကဆန်ပြုတ်ပန်းကန်လေးယူရင်း ပူမှာစိုးလို့မှုတ်ပြီးတိုက်နေရှာတဲ့သူ့ကိုကြည့်ရင်း မနေနိုင်စွာမေးလိုက်သည်
![](https://img.wattpad.com/cover/185122643-288-k709352.jpg)
ESTÁS LEYENDO
💔အမုန်းထဲက အချစ်❤
Fanficနာကျည်းခြင်း မုန်းတီးခြင်းတွေကြားမှာ နက်ရှိုင်းတဲ့အချစ်တစ်ခုရှိနေမှန်း သိလိုက်ရချိန်.....