💔အမုန်းထဲက အချစ်💖
Amid Hate Love
အပိုင်း(၈)ကျတော်ရဲ့နေ့စဉ်အလုပ်တွေလုပ်နေရင်းအချိန်တွေသာ ကုန်ဆုံးလာတယ် ကိုကို့ကို အရိပ်ကလေးတောင်မတွေ့ရတော့ပေ ကိုကိုကျတော့ကိုတမင်ရှောင်နေတာ ကျတော်သိသည် ခုဆို ကိုကိုမျက်နှာလေးမမြင်ရတာ တစ်ပတ်တောင်ရှိပြီ ဘယ်လိုမှမဖြစ်နိုင်တဲ့အရာတစ်ခုကို မမျှော်လင့်တာပဲကောင်းပါတယ်လေ ကျတော်အတွေးတွေနဲ့ အိပ်မပျော်နိုင်ပဲ သက်ပြင်းတွေပဲချနေမိသည်
*ဒေါက် ဒေါက် ဒေါက်*
ဒီချိန်ကြီးမှဘယ်သူပါလိမ့် ကြီးမေများလား ကျတော်အခန်းတံခါးထဖွင့်လိုက်တော့ ကိုယ့်မျက်စိတောင်ကိုယ်မယုံနိုင်ဖြစ်သွားသည် ကိုကိုတယောက် မူးပြီး လဲနေတာတွေ့လိုက်ရသည်
"ဟင် ကိုကို ဘယ်လိုဖြစ်လာတာလဲဟင် ဒုက္ခပါပဲ"
ကိုကို့ကို ဆွဲထူပြီး ကျတော်အိပ်ယာပေါ်လှဲပေးလိုက်သည် တစ်ကိုယ်လုံးလဲ နံစော်လို့ သောက်ထားလိုက်တာ ဘာများဖြစ်လာပါလိမ့် ကိုကို့အပေါ်အကျီင်္ချွတ်ပြီး ရေပတ်တိုက်ပေးလိုက်သည် ကိုကို့ပါးစပ်က ကယောင်ကတမ်းနဲ့ ဘာတွေပြောနေမှန်းမသိ ကျတော့ဆီ ဒီလိုလာတာသာ Tin သိရင် ဘယ်လောက်များဒေါသထွက်လိုက်မလဲမသိ ခုမှသတိရတယ် ဟိုနေ့က ကိုကို့အကျီင်္လေးရှိနေတာပဲ ယူပြီးကိုကို့ကို ပြန်ဝတ်ပေးလိုက်သည်
"ကောင်လေး ကောင်လေးလို့ အေ့"
"ဗျာ ကျ ကျတော့ကိုခေါ်နေတာလား"
"ပုစိကွေးရေ ထိန်းချုပ်ထားရတဲ့နာကျင်မှုကို မင်းနားမလည်ပါဘူးကွာ"ပုစိကွေးခေါ်လိုက် ကောင်လေးခေါ်လိုက်နဲ့ ပြောချင်ရာတွေပြောနေသည် ကျတော့လောက် ခံစားချက်ကို ထိန်းချုပ်ရတဲ့သူရှိဦးမလားဗျာ မသိပဲနေမလား ကိုကို့လိုပြည့်စုံနေတဲ့သူက ဘာတွေများ ထိန်းချုပ်နေရပါလိမ့်နော်
"ကိုယ်အရမ်းချစ်တယ် မဖြစ်သင့်မှန်းသိလဲ ချစ်မိနေတာ"
ဪ ကိုကိုက အသဲကွဲနေတာပဲ ကိုကို့ကို ပြန်မချစ်တဲ့သူကရှိသေးတာလား ကျတော်ကိုကို့ကိုစိတ်မကောင်းစွာ ငေးကြည့်နေတုန်း ရုတ်တရက် ကိုကိုကဆွဲဖက်လိုက်သောကြောင့် ကျတော်လန့်ပြီး ပြန်တွန်းရုန်းသော်လည်း ကျတော့ခန္ဓာကိုယ်သေးသေးလေးက ကိုကို့ရင်ခွင်ထဲရောက်သွားသည် ကိုကို မူးမူးနဲ့လူမှားနေတာသိပေမဲ့ ကျတော် မရုန်းထွက်ချင်တော့ပါဘူး ဒီအချိန်ခနလေးကိုပဲ ရပ်ထားလိုက်ချင်မိတော့သည် ဒါပေမဲ့ ကျတော့ခံစားချက်တွေ ဦးစားပေးနေလို့မဖြစ်နိုင်သေးဘူးလေ ဒိထက်ပိုမခံစားချင်တော့ဘူး
![](https://img.wattpad.com/cover/185122643-288-k709352.jpg)
ŞİMDİ OKUDUĞUN
💔အမုန်းထဲက အချစ်❤
Hayran Kurguနာကျည်းခြင်း မုန်းတီးခြင်းတွေကြားမှာ နက်ရှိုင်းတဲ့အချစ်တစ်ခုရှိနေမှန်း သိလိုက်ရချိန်.....