💔အမုန်းထဲက အချစ်​💖

1.6K 60 0
                                    

💔အမုန်းထဲက အချစ်​💖
Amid Hate Love
ဇာတ်​သိမ်းပိုင်း

"ခ​လေးးးးး"

ဒေါ်ပြုံးက ထိတ်​လန့်​စွာ ​ပြေး​လာသည်​ Tin​ ​လဲ အရူးတပိုင်း​ပြေးဆင်းလာပြီး

"ဘာ​တွေ ဖြစ်​ကုန်​တာလဲ ဟင်​ ​ခေါင်းမှာ​သွေး​တွေပါလား ဦးလှ ​ဆေးရုံကားမြန်​မြန်​​ခေါ် သူဘာမှဖြစ်​လို့မရဘူး"
"​အေး ​အေး ဦး​လေး​ခေါ်လိုက်​မယ်​"
"ခ​လေး အမ​လေး​ခေါ်လို့မရ​တော့ဘူး လုပ်​ပါဦး"

Tin က စိတ်​မရှည်​စွာနဲ့ ကား​သော့အမြန်​တက်​ယူပြီး Can ကို ပွေ့ချီပြီးကား​ပေါ်တင်​ကာ ​ဒေါ်ပြုံးနဲ့အတူ အသားကုန်​​မောင်းထွက်​သွားသည်​ Nic တ​ယောက်​​တော့ဖြစ်​သွားတဲ့အ​ခြေ​နေ​တွေကို ဘာမှနားမလည်​နိုင်​သလို တအိမ်​လုံးပြာယာခတ်​သွားမှ အမူး​တွေလဲ​ပြေကုန်​ပြီး ဘာလုပ်​လို့ဘာကိုင်​ရမှန်းမသိဖြစ်​​နေသည်​ သူ့ကိုငါတွန်းချလိုက်​မိတာလား အို ဘာမှစဉ်းစားမ​နေ​တော့ပဲ ဆိုင်​ကယ်​ထုတ်​ကာ ​ဆေးရုံသို့လိုက်​သွားလိုက်​သည်

*****

မိသားစုဆရာဝန်ဆီ ​​ဖုန်းကြိုဆက်​ထားလိုက်​သည်​ ​ဆေးရုံ​ရောက်​​တော့ Tin က ကားတံခါးဖွင့်​ပြီး Can ကိုချီကာ အ​ရေး​ပေါ်ခန်းသို့အ​ပြေးတပိုင်း​ပြေးထွက်​သွားသည်​ အ​ရေး​ပေါ်ခန်း​ရှေ့​စောင့်​​နေရင်း

*သူ ဘာမှမဖြစ်​ပါ​စေနဲ့ သူဘာမှဖြစ်​လို့မဖြစ်​ဘူး ကျ​တော့ဘဝမှာ သူမရှိလို့မဖြစ်​လို့ပါ*

"ထိုင်​​နေပါ သားရယ်​ အဆင်​​ပြေသွားမှာပါ"
"​ဒေါ်ပြုံး သူတခုခုဖြစ်​သွားရင်​ ကျ​နော်​ ဘယ်​လိုလုပ်​ရမလဲ"

ဒေါ်ပြုံးကိုဖက်​ပြီး Tin ငို​နေသည်​ သူ့မိဘ​တွေဆုံးပြီးတည်းက Tin ငိုတာကို ဒါပထမဆုံးမြင်​ဖူးတာပါ

"ဘာမှမဖြစ်​ပါဘူး သားရယ်​ ခ​လေးက စိတ်​ထား​ကောင်း​တော့ နတ်​​ကောင်းနတ်​မြတ်​​တွေ ကယ်​မှာပါ ​နော်​"

Nic ​ပြေးဝင်​လာတာ​တွေ့​တော့ Tin စိတ်​မထိန်းနိုင်​ပဲ ထိုးဖို့ရွယ်​မိသည်​ သို့​သော်​ သူအရမ်းချစ်​ရတဲ့ တစ်​ဦးတည်း​သော ညီ​လေးမို့ မထိုးရက်​​တော့ပါ

Has llegado al final de las partes publicadas.

⏰ Última actualización: May 29, 2019 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

💔အမုန်းထဲက အချစ်❤Donde viven las historias. Descúbrelo ahora