💔အမုန်းထဲက အချစ်♥
Amid Hate Love
အပိုင်း(၁၄)ညဘက်အိပ်မပျော်တာနဲ့ ခြံထဲလမ်းဆင်းလျှောက်နေရင်း Can အခန်းနားရောက်လာတော့ Can ငိုနေသံကြားရတာနဲ့ တယောက်တည်းဝမ်းနည်းပြီးများငိုနေသလားလို့ နားစွင့်လိုက်မိသည်
"ကိုကို ကျတော်အရမ်းမွန်းကျပ်နေတယ်ဗျာ ကိုကိုသာ အနားမှာရှိရင်ကောင်းမှာပဲ"
ဟင် ဒါ သူဖုန်းပြောနေတာလား သူကဘယ်ကဖုန်းရတာလဲ ပိုက်ဆံတွေခိုးပြီးဝယ်ထားတာပဲနေမှာ နေစမ်းပါဦး ကိုကိုလို့ပြောနေရအောင်ဘယ်သူပါလိမ့် မဟုပ်မှလွဲရော ညီညီကို ကိုကိုလို့တခါမှားခေါ်တာကြားဘူးတယ် ဘယ်လိုတွေလဲ ဘာသဘောတွေလဲ ကျတော့ဒေါသကမထိန်းနိုင် တံခါးကိုဆောင့်ကန်လိုက်တော့ ငနဲသားကလည်တယ် တံခါးဂျက်ချထားတယ် ကျတော် ကန်တဲ့အသံကြားမှ တံခါးလာဖွင့်သည်
"ဆရာ ဘာ ဘာဖြစ်လို့လဲဟင်"
"ဘယ်ရောက်သွားလဲ ခုနပြောနေတဲ့ ဖုန်း"
"ဗျာ"မျက်လုံးအဝိုင်းသားနဲ့ကြောက်ရွံ့ထိတ်လန့်နေတဲ့ သူ့ပုံကိုကြည့်တာနဲ့ ကျတော်သိနေတယ် တခုခုကိုဖုံးကွယ်ထားပြီဆိုတာ မင်းလည်တာလောက်ကတော့ကွာ ခေါင်းဦးနားကိုကွယ်ရပ်နေတဲ့သူ့ကို ဘေးကိုတွန်းလွှတ်လိုက်သည်
"ဖယ်စမ်း မင်းင့ကိုလိမ်လို့ရမယ်များထင်နေလား"
Can မျက်နှာမှာဇောချွေးတွေနဲ့ ကြောက်လန့်ပြီးတစ်ကိုယ်လုံးတုန်ယင်နေသည် ကျတော်ထင်သည်အတိုင်း ခေါင်းဦးဆွဲလန့်လိုက်တော့ ဖုန်းလေးကိုတွေ့ပြီ သူတကယ်ပဲဖုန်းပြောနေခဲ့တာပဲ ဖုန်းကိုဖွင့်တော့ pw ခံထားတယ်"ဖွင့်စမ်း အဲ့pw ကို"
"မလုပ်ပါနဲ့ ဆရာရယ် မဖွင့်ပါရစေနဲ့"
"ဖွင့်လို့ငါပြောနေတယ်နော် ဘယ်ချိန်တည်းက င့ပိုက်ဆံတွေခိုးပြီးဝယ်နေတာလဲ ပြောစမ်း ခု"
"မ မခိုးရပါဘူး ကျတော် ဘာပိုက်ဆံမှမခိုးပါဘူး"
"ဖွင့်လို့ ငါပြောနေတယ်နော် င့ဒေါသကိုလာမစွနဲ့"
![](https://img.wattpad.com/cover/185122643-288-k709352.jpg)
أنت تقرأ
💔အမုန်းထဲက အချစ်❤
أدب الهواةနာကျည်းခြင်း မုန်းတီးခြင်းတွေကြားမှာ နက်ရှိုင်းတဲ့အချစ်တစ်ခုရှိနေမှန်း သိလိုက်ရချိန်.....