💔အမုန်းထဲက အချစ်💖

716 52 0
                                    

💔အမုန်းထဲက အချစ်💖
Amid Hate Love
အပိုင်း(၄)

      မနက်(၅)နာရီ Alarm ကိုပိတ်ရေမိုးချိုးပြီး ခြံထဲဆင်းခဲ့သည် ဦးလှက ခြံထဲကသစ်ရွက်များကိုတံမြက်စည်းလှည်းဖို့လုပ်နေသည်

"ဦးကြီး ကျတော်လှည်းလိုက်မယ် ပေး"
"အေးအေး ခလေး"

     ဦးလှက ကျတော့ကိုတံမြက်စည်းပေးခဲ့ပြီး ဒေါ်ပြုံးနဲ့အတူဈေးဝယ်ထွက်သွားသည် ကျတော်သီချင်းလေးညည်းရင်းတံမြက်စည်းလှည်းနေလိုက်သည် လှည်းနေရင်း အနောက်ဘက်က အဆောင်လေးနားရောက်တော့ စိတ်ကစပ်စုချင်မိပြန်သည် ဒီတခါတော့ သေချာ သော့ပါခတ်ထားသည် ကိုယ့်အလုပ်ကိုယ်လုပ်တာပဲကောင်းပါတယ်လေ ခြံဝင်းကကျယ်လွန်းတော့ တော်တော်လေးလှည်းလိုက်ရသည် ဒေါ်ပြုံးတို့ပြန်လာတော့ ဒေါ်ပြုံးနဲ့အတူ မီးဖိုခန်းထဲကူလုပ်ပေးနေလိုက်သည် နာရီတကြည့်ကြည့် စိတ်က ကိုကို့ဆီမှာလေ ၇နာရီခွဲတော့ Tin ဆင်းလာသည်

"ခလေးရေ Tin ကို ထမင်းကြော်နဲ့ ကော်ဖီသွားပြင်ပေးလိုက်ဦး"
"ဟုပ် ကြီးမေ"

           ထမင်းကြော်ပန်းကန်ယူပြီးစားပွဲပေါ်လာတင်တော့ Tin က သတင်းစာဖတ်နေရင်း မော့တောင်မကြည့် မျက်နှာကလဲ ခက်ထန်မှုအပြည့်

(ဟွင့် မျက်နှာထားကြီးကိုက မုန်းစရာ)

    ကော်ဖီပန်းကန်လာချပေးရင်း စိတ်ထဲကပွစိပွစိပြောလိုက်မိသည် ဦးလေး​ကောင်ြး​မတ်ပြောသလိုဆိုရင်တော့သနားဖို့တော့ကောင်းပါသည် အဖေရော အမေပါ မျက်စိရှေ့တင် ကားမှောက်သေဆုံးပြီးတည်းက ဒီလိုမျိုးပြောင်းလဲသွားတာတဲ့ စိတ်တော့မကောင်းပါဘူးလေ

"ခလေး ဘာတွေတွေးနေတာလဲ ၈ နာရီထိုးတော့မယ် Nic ​ကိုသွားနှိုးတော့လို့"
"ဪ ဟုပ် ဟုပ်ကဲ့ပါ ကြီးမေ"

         အတွေးနယ်ချဲ့တာလွန်သွားတယ် ဟီး ကိုကို့ဆီသွားဖို့တောင်မေ့သွားတယ် ကိုကိုအခန်းရှေ့ရောက်တော့ ထုံးစံအတိုင်းတံခါးခေါက်လိုက်သည် ဘာမှမတုံ့ပြန် သိတယ်လေ ကိုကိုခလေးလေးလိုအိပ်နေဦးမယ်ဆိုတာ အခန်းထဲဝင်လာတော့ ထင်သည့်တိုင်းပင် ကိုကိုအိပ်နေသည့်ပုံလေးကြည့်ကာ ကျတော် ချစ်တဲ့စိတ်တွေပိုလာမိပြန်သည် အိုမဖြစ်နိုင်ပါဘူးလေ ငါစိတ်ကူးယဉ်တာတွေ ရပ်သင့်နေပါပြီ

💔အမုန်းထဲက အချစ်❤Место, где живут истории. Откройте их для себя