💔အမုန်းထဲက အချစ်​💖

713 44 0
                                    

💔အမုန်းထဲက အချစ်​💖
Amid Hate Love
အပိုင်း(၁၇)

        သူမျက်​လုံး​လေး​တွေ လှုပ်​လာတာမြင်​​တော့ နိုးလာပြီဆိုတာသိလိုက်​သည်​ ကျ​တော်​မျက်​လုံးမှိတ်​ပြီးအိပ်​ချင်​​ယောင်​​ဆောင်​​နေလိုက်​သည်​ သူနိုးနိုးချင်း ကျ​တော့နဖူးကိုလာစမ်းသည်

"အဖျား​တော့မရှိ​လောက်​​တော့ပါဘူး ဟူး ငါအိပ်​​ပျော်​သွားတာပဲ"

        သူဘာသာတ​ယောက်​တည်း​ပြော​ပြီး အိပ်​ယာ​ပေါ်ကဆင်းသွား​​တော့ ကျ​တော်​ကြိတ်​ပြုံး​နေမိသည်​ သူကျ​တော့​ပေါ်စိုးရိမ်​​ပေး​နေတာကို ​ကျေနပ်​​နေမိတာအမှန်​ပါ သူ​ရေချိုးခန်းထဲက​နေ မျက်​နှာသစ်​ပြီးထွက်​လာတဲ့ထိ ကျ​တော်​အိပ်​ချင်​​ယောင်​​ဆောင်​​နေဆဲ

"ဆရာ ဆရာ"
"ဟင်​"
"ထ​တော့​လေ သက်​သာရဲ့လား"
"အင်းနဲနဲသက်​သာပါပြီ"
"မျက်​နှာထသစ်​လိုက်​​နော်​"
"အွန်း"

         Tin ထသွား​တော့ အိပ်​ယာသိမ်း ​စောင်​​တွေ​ခေါက်​​နေရင်း ကိုကို့ကိုသတိရမိသည်​ ကိုကို့ကိုနှိုး​ပေးပြီးအိပ်​ယာသိမ်း​ပေးခဲ့တာ​တွေ လွမ်းမိသည်​ ခု​လောက်​ဆို ကိုကိုကအထင်​လွဲပြီး ကျ​တော့ကိုမုန်း​နေ​လောက်​​ရော​ပေါ့ ဝဲလာတဲ့မျက်​ရည်​တို့ကို ထိန်းရင်း ​အောက်​ထပ်​မှာ Tin အတွက်​ ​ဆေးနဲ့ မုန့်​သွားယူလိုက်​သည်

*****

     ကျ​တော်​​ရေချိုးခန်းထဲဝင်​လာ​တော့ သွားတိုက်​​ဆေးထည့်​ပြီးသားအသင့်​နဲ့မျက်​နှာသစ်​​ဆပ်ပြာဘူး​လေးပါချ​ပေးထားသည်​ မျက်​နှာသုတ်​ပုဝါကအစ တန်း​ပေါ်တင်​​ပေးထားတာ​တွေ့​တော့ သ​ဘောကျစွာ ပြုံး​နေလိုက်​သည်​ လူက​နေ​ကောင်း​နေပြီဖြစ်​​သော်​လည်း သူဂရုစိုက်​တာခံချင်​လို့ ​နေမ​ကောင်းချင်​​ယောင်​ဆက်​​ဆောင်​​နေလိုက်​သည်​ သူ​အောက်​ဆင်းသွားတုန်း​ရေအမြန်​ချိုးလိုက်​သည်​ တဘက်​ပတ်​ထားပြီးထွက်​လာမလို့လုပ်​​နေတုန်း သူဝင်​လာတာ​တွေ့တာနဲ့

"အား"
"ဟင်​ ဘာဖြစ်​တာလဲ"

        သူကျ​တော့ဆီစိုးရိမ်​တကြီး​ပြေးလာ​နေတာ​တွေ့သည်​ ​ချော်​လဲချင်​​ယောင်​​ဆောင်​ပြီး ပြစ်​ထိုင်​ချရင်း မျက်​စိဖက်​​မှေးပြီးအသာ​လေးခိုးကြည့်​လိုက်​သည်

💔အမုန်းထဲက အချစ်❤Où les histoires vivent. Découvrez maintenant