💔အမုန်းထဲက အချစ်💖
Amid Hate Love
အပိုင်း(၁၁)မနက်ခြောက်နာရီလောက်ကျတော်နိုးလာတော့ ဟိုကောင်လေးကအိပ်မောကျနေတုန်း ညကသူအိပ်ရေပျက်ထားတော့မနှိုးပဲ ပွဲရုံကို Pine နဲ့ပဲ သွားလိုက်သည် ကိုးနာရီ ခွဲလောက်ပြန်လာတဲ့ထိကိုယ်တော်ချောက အိပ်ကောင်းနေတုန်း သူ့ကို ခိုင်းဖို့ခေါ်လာတိုင်းသူအလုပ်ပဲငါကပြန်လုပ်ပေးနေရသလိုပဲ ကျတော်နှိုးမှပြာပြာသလဲ ထလာပြီးမျက်နှာသစ်နေသည်
"နက်စာသွားစားမယ် မြန်လုပ်"
"ဟုပ်"မနက်စာစားပြီးပြန်လာတော့ ညကကျန်တဲ့စာရင်းတွေ Pine နဲ့ဆက်လုပ်နေလိုက်သည် Tin ကတော့ အည့်သည်တွေနဲ့အပြင်ထွက်သွားသည်
ီ"Can ဒါလေးတချက်စစ်ပေး"
"အ"
"ဟာ sry ကွာ"အမှတ်တမဲ့မကြည့်ပဲစာရွက်ကမ်းပေးလိုက်တာ မျက်လုံးကို သူကိုင်ထားတဲ့ဘော့ပင်န်နဲ့ထိုးမိသွားသည် Pine ကပြာပြာသလဲ ကျတော့လက်နဲ့ပိတ်ထားတဲ့မျက်လုံးကို ပုဝါနဲ့ ကျပ်ပူထိုးပေးနေသည် ကျတော့သက်သာရဲ့လား မျက်လုံးကိုကြည့်နေတုန်း Tin ပြန်ရောက်လာသည်
"ဒါက ဘာတွေလုပ်နေကြတာလဲ"
"ဟို မျက် မျက်စိကိုထိမိသွားလို့ပါ"
"မင်းတို့ကိုအလုပ်လုပ်ဖို့ခေါ်လာတာနော် ဟန်းနီးမွန်းထွက်ခိုင်းတာမဟုပ်ဘူး သိပ်ပလူးမနေနဲ့"
"မဟုတ်"
"Pine ပွဲရုံသွားပြီး ဒီငွေတွေသွားပေးလိုက်"
"ဟုပ်ကဲ့"
"မင်း အချိုးတွေပြင်နော် မင်းအမေလိုအချိုးတွေ င့ရှေ့မှာလာမချိုးနဲ့"
"ဗျာ မေမေက ဘာဖြစ်လို့လဲ"
"လျှာမရှည်နဲ့ စာရင်းပြီးအောင်ဆက်လုပ် မနေ့တည်းကဟာ ခုထိမပြီးနိုင်ဘူး"Tin ဘာပြောတာလဲ မေမေ့လိုဆိုတာက ဘာကိုပြောတာလဲ မေမေနဲ့ရောသိနေတာလား ကျတော့မေမေက ဘာလုပ်ခဲ့လို့လဲ ကျတော်သိချင်စိတ်ကမျိုသိပ်၍မရ မေမေနဲ့ပတ်သတ်ရင် အထိမခံချင်တာ ငယ်ငယ်တည်းက ကျတော်အရဲစွန့်ပြီး Tinဆီ လျှောက်သွားပြီး သူ့ရှေ့မတ်တပ်ရပ်လိုက်သည် Tin က မျက်မှောင်ကျုံ့ရင်း
"ဘာလဲ"
"ဟို ဆရာက မေမေနဲ့သိတာလား"
"ဟုပ်တယ် ဘာဖြစ်လို့လဲ အဲ့ဒါ"
"ကျတော့ကိုရော မေမေ့ကိုပါ ဘာလို့မုန်းနေရတာလဲ"
"ကျွတ်စ် င့ဒေါသကိုလာဆွနေပြန်ပြီ အေးဆေးနေ ကိုယ့်အလုပ်ကိုယ်သွားလုပ်"

YOU ARE READING
💔အမုန်းထဲက အချစ်❤
Fanfictionနာကျည်းခြင်း မုန်းတီးခြင်းတွေကြားမှာ နက်ရှိုင်းတဲ့အချစ်တစ်ခုရှိနေမှန်း သိလိုက်ရချိန်.....