💔အမုန်းထဲက အချစ်​💖
713 43 0
💔အမုန်းထဲက အချစ်​💖
Amid Hate Love
အပိုင်း(၁၈)
      ဒီ​နေ့မနက်​ကျ​တော့​မွေး​နေ့ ဘုန်းကြီး​ကျောင်းမှာ အာရုဏ်​ဆွမ်းကပ်​ဖို့​ ​ဒေါ်ပြုံးနဲ့ Can အတူဆွမ်းထချက်​​နေ​သည်​ ကျ​တော်​လဲ အိပ်​လို့မ​ပျော်​တာနဲ့ဆင်းလာခဲ့သည်
"ကျ​တော်​လဲ ကူ​ပေးမယ်​​လေ"
"ဟင်​ ​နေပါ​စေ သားရဲ့ အိပ်​​ရေးဝ​အောင်​သွားအိပ်​ပါ မနက်​ကျလုပ်​စရာ​တွေများတယ်​"
"ကျ​တော်​လဲ ကုသိုလ်​ လိုချင်​လို့ပါဗျ"
          ဗု​ဒ္ဓေါ ကြားသားမိုးကြိုး​တွေပါလား နှစ်​တိုင်း​မွေး​နေ့လုပ်​လာတာ တခါမှမကူဘူးတဲ့သူက ထူးထူးဆန်းဆန်း ကြက်​သွန်​​တွေကူခွာ​နေသည်​ ဟို​ကောင်​​လေးအ​ပေါ်​ပြောင်းလဲလာတာ သတိထားမိသည်​ အသိတရား​တွေဝင်​သွားပြီထင်​ပါရဲ့ အင်း​လေ မိဘကအပြစ်​လုပ်​ထားတိုင်းသားသမီးက​ပေးဆပ်​ဖို့်​မှမလိုတာ ချက်​ပြုတ်​ပြီး​တော့ဆွမ်းချိုင့်​ထဲ ထမင်း​တွေထည့်​ရင်း
"သားတို့ ​ရေသွားချိုး​တော့​လေ ​ဒေါ်ပြုံးဘုန်းကြီး​ကျောင်းသွားဖို့ အဆင်​သင့်​ပြင်​ထားလိုက်​မယ်​"
"ဟုပ်​ကဲ့ ​ဒေါ်ပြုံး ဒါနဲ့ဦးလှ​ရော"
"မိဘမဲ့​ကျောင်းအတွက်​ကားထဲကိုမုန့်​​တွေထည့်​​နေတယ်​ သားပဲမုန့်​လှူ ချင်​​သေးတယ်​ဆို"
"ဪ အင်းပါ ဒါဆို ​ရေသွားချိုး​တော့မယ်​"
"​အေး ​အေး"
"​ကောင်​​လေး ဒါဘယ်​လဲ"
"အခန်းပြန်​ပြီး​ရေချိုးမလို့​လေ"
"ပြန်​မ​နေနဲ့ မင်းပစ္စည်း​တွေအကုန်​င့အခန်းကို မနက်​အ​စောကြီးတည်းက ဦးလှကို​ရွှေ့ခိုင်းထားပြီးပြီ င့အခန်းမှာလာ​နေ"
"ဟင်​"
"ဘာ ဟင်​ လဲ ငါခိုင်းစရာရှိရင်​အချိန်​မ​ရွေးခိုင်းလို့ရ​အောင်​ ​ခေါ်ထားတာ သွားမယ်​ ​ရေချိုးရ​အောင်​"
💔အမုန်းထဲက အချစ်❤Donde viven las historias. Descúbrelo ahora