အပိုင်း ♡1♡ (Unicode & Zawgyi)

33.5K 1.2K 37
                                    

မှောင်ရီစပျိုးနေပြီဖြစ်သည့်ရန်ကုန်မြို့၏ကျိုက္ကဆံကွင်းထဲတွင် မီးရောင်စုံများဖြင့် တဖျက်ဖျက်လင်းလက်လို့နေသည်။ စတိတ်စင်တစ်ခုနှင့်LEDဖန်သားပြင်ကြီးကလည်း ပျိုးပျိုးပြက်ပြက်လင်းနေပြန်သည်။ Stageပေါ်တွင် ယောကျာ်းလေးလေးယောက် မိန်းကလေးသုံးယောက်ပါဝင်သော "Lucky 7"ဆိုသည့် အဖွဲ့တစ်ဖွဲ့က သံစဉ်များနှင့်အတူ ကပြဖျော်ဖြေနေသည်။ လာရောက်အားပေးသည့် ပရိတ်သတ်အများစုမှာလည်း မိန်းကလေးများပင်ဖြစ်သည်။

"Seven!!! Seven!!! အား တကယ်ချောလိုက်တာ!!!"

အဖွဲ့‌ခေါင်းဆောင်ကောင်လေးက I Love Youဆိုတဲ့ Signလေးလုပ်ပြလိုက်သည်နှင့် စင်အောက်ကကောင်မလေးတွေအကုန်အော်ကြတော့သည်။

"အခုလိုလာအားပေးတဲ့အတွက်ရော တက်တက်ကြွကြွစီးမြောပေးကြတဲ့အတွက်ရော အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ့ ... နောက်လည်းဆက်လက်အားပေးကြပါဦးနော်"

"Seven!!! Seven !!!"

ထိုအကအဖွဲ့ စတိတ်စင်အနောက်ထဲသို့ဝင်သွားသည်အထိကောင်မလေးတွေအော်နေကြဆဲဖြစ်သည်။ စတိတ်စင်နောက်ဘက်သို့ရောက်သွားသည်နှင့် ဝတ်ရည်မှစကားစပြောလိုက်သည်။

"အပြန်ကိုငါမောင်းမယ်"

"ဝတ်ရည်"၏စကားကြောင့် ကျန်တဲ့လူအားလုံးမျက်လုံးပြူးကုန်ကြပါတော့သည်။

"ရ ရပါတယ် ... ငါ ငါပဲမောင်းမယ်"

"Seven"ကထိန့်လန့်စွာ စကားအထစ်အထစ်နဲ့ပြောလာပြီး ဝတ်ရည်လက်ထဲကကားသော့ကိုပြန်ယူသော်လည်း ဝတ်ရည်ကလုံးဝမလွှတ်ဘဲကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည်။

"မရဘူး ငါမောင်းမှာ ...အကုန်အဝတ်အစားလဲပြီးတာနဲ့ တက်ကြ"

ဝတ်ရည်က‌တော့ ခပ်တည်တည်နဲ့ကားသော့ကိုလက်ထဲတွင်ဝေ့ရမ်းပြီး မောင်းသူနေရာဝင်ထိုင်‌နေလိုက်သည်။ ဝတ်ရည်ရဲ့အနောက်မှ မြောက်ကြွမြောက်ကြွဖြင့်လိုက်သွားသူက "ဟေမာန်" ဖြစ်သည်။ ကျန်သည့်လူတွေကတော့ ကြောက်ကြောက်လန့်လန့်ဖြင့် ကားပေါ်သို့တက်လိုက်ကြရသည်။

"ဖြေးဖြေးမောင်းနော် ဝတ်ရည်"

လေသံတိုးတိုးလေးနဲ့ ကားလက်ကိုင်ကိုကိုင်ပြီး ပြောလာသူက"မာန်"ဖြစ်သည်။

Never Say GoodbyeWhere stories live. Discover now