ဒုတ် ~~ ဒုတ် ~~ ဒုတ် ~~
ဘုရားရေ ဒါကဘယ်ကအသံပါလိမ့်။ သူ့ဆီကလာတဲ့အသံလား။ သူ ရင်ခုန်နေတာလား။ မဖြစ်နိုင်လိုက်တာ။ ဒီလိုအဖြစ်မျိုးက "အိ" ဆိုတဲ့ မိန်းကလေးနဲ့စတွေ့တဲ့အချိန်ကဖြစ်ခဲ့သလိုမျိုးပါပဲ။ လုံးဝမဖြစ်နိုင်ဘူး။ သူကဘာလို့ယောကျာ်းလေးတစ်ယောက်ကို ရင်ခုန်နေရမှာလဲ။
"အိရော အဆင်ပြေရဲ့လား"
အိအကြောင်းကိုသူစဥ်းစားမိပြီး သတိရလာမိပြန်သည်။ ကောင်မလေးဘက်ကပြတ်သားပေမဲ့ သူ့ဘက်ကတော့ တိုက်ဆိုင်မှုတွေရှိလာတဲ့အခါတိုင်း သတိတွေရနေမိပါသေးသည်။ အရင်ကအကြောင်းတွေကို တွေးမိပြီး မျက်ရည်တွေဝဲလာရပြန်သည်။ သူ့ကိုထားခဲ့ပြီး နောက်တစ်ယောက်လက်ကိုဆုပ်ကိုင်သွားသည့်ကောင်မလေးကို သူမမေ့နိုင်သေးဘူးလား။ အတိတ်ကိုအတိတ်မှာပဲထားခဲ့ချင်ပေမဲ့ သူမမေ့နိုင်သေးပါလား။ တော်ပါပြီလေ သူအိပ်လိုက်တာပဲကောင်းပါတယ်။ မကောင်းတဲ့ကိစ္စတွေကို အစမဖော်တော့ပါဘူးလေ။
Good Night မာန်လေး .... မြန်မြန်နေကောင်းပါစေ
********************
မာန်လေး မနက်နိုးလာသည့်အခါ သူလူတစ်ယောက်၏ရင်ခွင်ထဲ၌ မြုပ်နေသည်ဆိုတာကို သတိထားလိုက်မိသည်။ သို့သော် မျက်လုံးမဖွင့်ချင်သေးပါ။ အနည်းငယ် ပိုတိုး၍ဖက်လိုက်ပြီး မျက်လုံးလေးအနည်းငယ်ဖွင့်ကြည့်လိုက်သည်။ မာန်လေးမော့ကြည့်လိုက်သည်။ သူအိပ်ပျော်နေတာ ရှင်းပိုင်၏ရင်ခွင်ထဲမှာဆိုတာ မာန်လေးသိသွားသည်။ ချက်ချင်းမဖယ်သေးဘဲ ရှင်းပိုင်ကိုအသေးစိတ်လိုက်ကြည့်နေသည်။ နှာတံကတော့ စင်းနေပါရောပဲ။ နှုတ်ခမ်းသားတွေကလည်း မထူမပါး။ မျက်လုံး မျက်ခုံးကလည်းကြည့်လို့ကောင်းသည်။ ရယ်လိုက်ရင်ပေါ်လာသည့် သွားတက်ကလေးတွေကသူနဲ့အတူတူပါပဲ။ သူလည်းရယ်လိုက်ရင် အရမ်းကြည့်ကောင်းတယ်ဆိုတော့ ရှင်းပိုင်ချောတာကို သူလက်ခံပါသည်။ သူ့ဘာသာသူတွေးပြီး ကြိတ်ရယ်နေပါသေးသည်။
"လူကြီးကျတော့ချောပြီးတော့ ကျွန်တော်ကျတော့ ဘာလို့ချစ်ဖို့ကောင်းနေရတာလဲ .... လူတိုင်းကကျွန်တော့်ကို ချစ်ဖို့ကောင်းတယ်ပဲပြောကြတယ် .... ကျွန်တော်က လူကြီးလိုချောချင်တာကို .... မနာလိုလိုက်တာ"
YOU ARE READING
Never Say Goodbye
Romance[Unicode]Cover Songတွေသီဆိုပြီးနာမည်ကြီးနေတဲ့ကောင်လေးနဲ့ Dancerကောင်လေးတို့ရဲ့ချစ်ခြင်းက ဖြောင့်တန်းမလား ကောက်ကွေ့မလား ????? ဤဇာတ်လမ်းထဲတွင်ပါဝင်သော အရာအားလုံးသည် စိတ်ကူးယဉ်ဖန်တီးမှုသပ်သပ်သာဖြစ်သည်။ Date - 24.4.2019 [Zawgyi]Cover Songေတြသီဆိုၿပီးနာမ...