အပိုင်း ♡4♡(Unicode & Zawgyi)

9.6K 778 18
                                    

အခုဆိုရင် Facebookမှာ သူငယ်ချင်း ၇ ယောက်တိုးလာသလို ၇ယောက်ချင်းစီ၌လည်း သူငယ်ချင်းတစ်ယောက်တိုးလာခဲ့သည်။ Messengerမှာ group‌ လေးဖွဲ့လိုက်ကြပြီး စကားတွေပြောကြ ရင်းနှီးကြပေမဲ့ မာန်လေးနဲ့သူနဲ့ကတော့ စကားလည်းသိပ်မပြောဖြစ်ကြသလို သူကလည်းမာန်လေးကိုစကားသွားမပြောရဲဖြစ်နေလေသည်။

Seven - အစ်ကိုရှင်းပိုင် မနက်ဖြန် ကျွန်တော်တို့မုန့်သွားစားကြမလို့ အဲ့တာအစ်ကိုရှင်းပိုင် လိုက်မလား ...

ရှင်းပိုင် - အကုန်လုံးလား ...

Seven - အကုန်ပါတယ် ... အစ်ကိုရှင်း လိုက်မယ်မလား ...

ရှင်းပိုင် - လိုက်မယ်လေ ... ဒါပေမဲ့ အစ်ကိုအလုပ်တွေမရှိရင်ပေါ့ ...

Seven - ဟာ ... အစ်ကိုရယ် အလုပ်ကရှိသေးတာလား ...

Seven အဲ့လိုပြောလိုက်မှ groupထဲမှာတစ်ယောက်တစ်ပေါက်နဲ့ဆူညံလာပါတော့သည်။ ဆူညံနေသည့်ကြားထဲမှ Messengerမှစာတစ်စောင်ဝင်လာသံကိုကြားလိုက်ရသည်။ Messengerမှတက်လာတဲ့အသံလေး၏နောက်ကွယ်မှာတက်လာသည့်စာသားလေးက သူ့ကိုထခုန်သွားစေသည်။

~ လူကြီး ~

ရှင်းပိုင် စာကိုမြင်တာနဲ့ အရမ်းပျော်သွားသည်။ ဘာလို့ဒီလောက်အထိပျော်နေရတာလဲဆိုတာ သူကိုယ်တိုင်တောင်အဖြေမသိပါ။

~ မာန်လေး ကိုယ်ဘာကူညီပေးရမလဲ ~

မာန်လေးဆီမှစာတက်လာသည်နှင့် geoupကို muteပစ်လိုက်တော့သည်။

~ ဘာမှမဟုတ်ဘူး ... ဒီအတိုင်းပျင်းလို့ ~

~ ကိုယ်ဘာလုပ်ပြရမလဲ ~

~ လူကြီးကဘာတွေလုပ်ပြချင်နေလို့လဲ ~

စိတ်ဆိုးသလိုအီမိုဂျီ‌‌လေးပို့လာပြီဆိုတော့ သူစိတ်ဆိုးသွားပြီဆိုတဲ့သဘောများလား။

~ မာန်လေးကပျင်းနေတယ်ဆိုလို့ပါ ... အကတွေဘာတွေတိုက်ဖို့မရှိဘူးလား ~

~ ရှိတယ် ... မနက်ဖြန်ဓာတ်ပုံရိုက်ဖို့လည်းရှိတယ် ... နေကောင်းခါစမို့လို့အနားယူနေတာ ~

ဒါဆို မာန်လေးလိုင်းမတက်ရတဲ့အကြောင်းအရင်းကနေမကောင်းဖြစ်နေလို့ပေါ့။ သူဘာလို့မသိရတာပါလိမ့်။ ကျန်တဲ့လူတွေကလည်းသူ့ကိုဘာမှမပြောကြပါလား။

Never Say GoodbyeWhere stories live. Discover now