အပိုင်း ♡13♡ (Unicode & Zawgyi)

8.5K 636 46
                                    

မာန်လေးသည်လက်တစ်ဖက်ကရှင်းနဲ့လက်တွဲထားပြီး မှန်ဘောင်ထဲကကိတ်မုန့်လေးတွေကိုတစ်ခုချင်းစီသေချာလိုက်ကြည့်နေသည်။ လူတွေကမာန်လေးကိုသိပ်ပြီးသတိထားမိကြပုံမပေါ်ပါ။ Showကပုံစံနဲ့ကွဲပြားနေလို့ဖြစ်မည်။ ကတဲ့အချိန်ဆိုဆံပင်​ထောင်ထားတဲ့မာန်​လေး အခုကဆံပင်​ခပ်အုပ်အုပ်​လေးနဲ့ ရှပ်အင်္ကျီအဝါ​လေးရယ် ညဝတ်အိပ်တဲ့​ဘောင်းဘီရှည်ရယ်နဲ့ဆို​တော့ ဘယ်သူကမာန်​လေးလို့ထင်နိုင်မည်နည်း။

"ရှင်း ရှင်း ... ကျွန်တော်ဒါစားမယ်"

မာန်​လေးသည် မှန်ဘောင်ထဲကစတော်ဘယ်ရီကိတ်ကလေးကိုလက်ညှိုးထိုးပြကာပြောလာသည်။ နောက်ဆုံးတော့ မာန်လေးသူစားချင်ခဲ့တာလေးကိုရှာတွေ့ခဲ့ပါပြီ။ မာန်​လေးရဲ့ချစ်ဖို့​ကောင်းသည့်အချက်က​လေးက သူစားချင်တဲ့မုန့်​တွေ့တာ​တောင် ​ကောင်တာကိုမ​ပြောဘဲသူ့ကိုက​လေး​လေးလိုလက်ညှိုးထိုးပြပြီးပူဆာသည်။

"အအေးကရော ..."

"အအေးက Chocolate Milkshakeသောက်မယ်"

"ညီမရေ ဒီကိတ်မုန့်လေးရယ် Chocolatemilkshakeနဲ့Black Coffeeတစ်ခွက်ပေးပါနော်"

"ဟုတ်ကဲ့ပါ ... စုစု​ပေါင်း 3600ကျသင့်ပါတယ်ရှင်"

မာန်လေးကတော့သွက်သွက်လက်လက်နဲ့ထောင့်အကျဆုံးခုံလေးမှာသွားထိုင်နေသည်။ ရှင်းက မုန့်နဲ့အအေးကိုယူပြီးမာန်လေးဘေးတွင်ဝင်ထိုင်လိုက်သည်။

"စားလို့ရပါပြီခင်ဗျာ"

"ဝါး ... အရမ်းအရသာရှိမှာပဲ"

မာန်လေးပျော်နေတဲ့ပုံစံကိုကြည့်ရတာကို ရှင်းအရမ်းသဘောကျသည်။ ရယ်လိုက်ရင်သွားတက်ကလေး​တွေပေါ်လာတာကို သူနဲ့တူလို့ပိုလို့တောင်သဘောကျပါ​သေးသည်။ မာန်လေးရဲ့ဆံပင်တွေကိုလက်နဲ့ထိုးဖွလိုက်တော့ မာန်လေးကမုန့်စားရင်း ရှင်းကိုမော့ကြည့်ပြီးရယ်ပြနေသည်။

"ကြိုက်လား"

"အင်း ... ရှင်းရောမုန့်မစားဘူးလား"

"ကိုယ်မဆာလို့မစားတော့ဘူး ... ခုဏကမာန်လေးကိုပြောမိတာတွေအတွက် ကိုယ်တကယ်တောင်းပန်ပါတယ် ... ကိုယ့်ကိုခွင့်လွှတ်ပါနော်"

Never Say GoodbyeWo Geschichten leben. Entdecke jetzt