အပိုင်း ♡15♡ (Unicode & Zawgyi)

8.3K 633 45
                                    

"ခင်ဗျားနဲ့ကျွန်တော် ပြတ်ပြီ"

မနက်ခင်းလေးမှာ မာန်လေးဆီကဖုန်းလာလို့ဝမ်းသာအားရကိုင်လိုက်ပေမဲ့ ပြတ်ပြီဆိုတဲ့စကားတစ်ခွန်းသာပြောပြီးဖုန်းချသွားတဲ့မာန်လေးကြောင့် ရှင်းပိုင်ဘာလုပ်လို့လုပ်ရမှန်းမသိ​တော့ပါ။ ဖုန်းပြန်ဆက်တော့လည်း စက်ပိတ်ထားသည်နဲ့ပဲတိုးနေရသည်။ ရှင်းပိုင်Sevenဆီဖုန်းဆက်လိုက်သည်။

"Seven မင်းတို့မာန်လေးနဲ့အတူရှိနေလား"

"ရှိတယ်အစ်ကို ... မာန်လေးကအပြင်ဘက်မှာ ဘာဖြစ်လို့လဲဟင်"

"သူ့ကိုဖုန်းခဏလောက်ပေးလိုက်ပါလား ... အစ်ကိုစကားနည်းနည်းပြောချင်လို့ ... အစ်ကိုဆက်တယ်လို့တော့မပြောလိုက်နဲ့ ဒီအတိုင်းပေးလိုက်"

ရှင်းပိုင်ပြောသည့်အတိုင်း ဝရန်တာမှာရပ်နေတဲ့မာန်လေးကို ဖုန်းပေးလိုက်သည်။ ဘာလဲဆိုတဲ့အကြည့်နဲ့တောင်အကြည့်ခံလိုက်ရသေးသည်။ မာန်လေးမျက်ရည်တွေဝဲ​နေတာလား သူပဲအမြင်မှားတာလားမသိပါ။ မာန်လေးမှာဘာစိတ်ညစ်စရာရှိနေလို့များလဲ။ ဘာမှတော့မမေးတော့ဘဲ ဖုန်းပဲပေးလိုက်သည်။

"ရော့ ဖုန်းကိုင်လိုက်"

မာန်လေးလည်းလုံးဝမထင်မှတ်ထားလို့sevenပေးတဲ့ဖုန်းကိုကိုင်လိုက်သည်။

"ဟယ်လို!"

ရှင်းပိုင်အသံကြားလိုက်ရသည့်အတွက် မာန်​လေးဖုန်းချပစ်ဖို့လုပ်သည်။

"ခဏလေး တကယ်ခဏလေးပါမာန်လေး ... ကိုယ်အကြောင်းအရင်းလေးပဲသိချင်တာပါ ... ဘာလို့လဲ ကိုယ်အမှားလုပ်မိလို့လား"

"ခင်ဗျားအမှားမလုပ်ပါဘူး ကျွန်တော်လုပ်မိတာပါ ... ကောင်မလေးရှိတဲ့ခင်ဗျားကိုလုယူမိသွားတယ် ... ကျွန်တော်မေ့သွားလို့ပါ ရပြီလား"

"နေပါဦး ... ကိုယ့်မှာကောင်မလေးရှိတယ်လို့ဘယ်သူပြောတာလဲ"

"ခင်ဗျားကြီးပဲပြောတာလေ ... ဟိုးတစ်လောက ကော်ဖီဆိုင်မှာခင်ဗျားနဲ့ကောင်မလေးနဲ့လေ"

"​ဘေဘီ ​ဘေဘီ့ကိုကိုယ်က​ကောင်မ​လေးရှိလျက်နဲ့တွဲမလား​ဘေဘီ ... ကိုယ်ကအဲ့လိုလူမျိုးလား"

Never Say GoodbyeOnde histórias criam vida. Descubra agora