အပိုင်း ♡11♡ (Unicode & Zawgyi)

8.3K 642 45
                                    

ဒီနေ့မှအချိန်အခါမဟုတ်မိုးတွေရွာနေသည်။ မာန့်ရဲ့ခံစားချက်ကလည်း ကောင်းကင်ကြီးလိုပဲမှုံမှိုင်းနေသည်။ မိုးတွေသာရွာနေတာ မာန့်ရင်ထဲတော့မအေးနိုင်ဘဲ ပူလောင်နေရသည်။ ပိတောက်တွေသာပွင့်နေတယ် သူ့ရင်ထဲထဲမပျော်နိုင်ပါ။ အမည်မသိခံစားချက်တွေက တစ်ခုပြီးတစ်ခုပေါ်လာသည်။ သူ တွေ့ချင်မိသည်။ ဖုန်းလည်းဆက်ချင်မိသည်။ သူ့ခံစားချက်​တွေက လည်ပင်းထဲမှာတစ်ဆို့​နေပြီး အပြင်ကိုထွက်မလာနိုင်သလိုခံစား​နေရသည်။ မာန်​လေး သူ့စိတ်အာရုံကို​ပြောင်းချင်သည်နှင့်အွန်လိုင်းသုံး​နေလိုက်သည်။ သူသတင်း​တွေကြည့်​နေရင်း ပို့စ်​လေးတစ်ခုကိုသူသွားတွေ့သည်။​ သူ​တွေ့လိုက်သည့်ပို့စ်​လေးကို​သေချာ​လေးဖတ်ကြည့်ရင်းနဲ့ သူအံ့လည်းအံ့သြသွားသည်။

"ချစ်ဖို့​ကောင်းပြီး ​လေးစားဖို့​ကောင်းလိုက်တာ"

မာန်​လေး​တွေ့လိုက်တာ ကောင်လေးနှစ်ယောက်အတွဲလေးပေါ့။ တင်ထားတဲ့ပုံ​လေးမှာ အရပ်ရှည်ရှည်နဲ့ကောင်လေးက ပုပုလုံးလုံးလေးနဲ့ဝကစ်နေတဲ့ကောင်လေးကိုအနောက်ကနေဖက်ထားပြီး ရင်ခွင်ထဲသွင်းကာ လည်တိုင်လေးကိုနမ်းနေတဲ့ပုံလေးဖြစ်သည်။ မာန်​လေးစာ​တွေကိုဖတ်ရင်းသိလိုက်ရသည်က သူတို့နှစ်ဦးရဲ့ချစ်သူသက်တမ်း ရက်၁၅၀၀ပြည့်ဆိုတာကို​ပေါ့။ ရက်၁၅၀၀လုံးလုံးအတုလက်တွဲပြီး အခက်အခဲ​ဆွေအားလုံးကို​ကျော်ဖြတ်​ပေးခဲ့တာ​တွေရယ် သူ့အချစ်ကိုလက်ခံ​ပေးပြီးသူ့အ​ပေါ်အများကြီး​ကောင်းခဲ့တာ​တွေရယ်ကို ​ကျေးဇူးတင်​ကြောင်း​လေး​ရေးသားထားတာ။

"၁၅၀၀ဆို ချစ်သူသက်တမ်းက​ လေးနှစ်ထဲ​ရောက်​နေပြီ​ပေါ့"

မာန်​လေး ပို့စ်အောက်ကcommentလေးတွေဖတ်ကြည့်တော့လည်း သူတို့ကိုချစ်တဲ့အကိုတွေအမတွေရှိသလို ရွံမုန်းလို့ဆဲဆိုနေကြတဲ့လူတွေကိုလည်း​တွေ့ရပါသည်။ လူဆိုတဲ့လူ​တွေကို မာန်​လေးအနည်းငယ်​တော့အံ့သြမိသည်။ ကိုယ့်ထမင်းကိုယ်စားပြီး သူများအ​ကြောင်းကိုလိုက်​ဝေဖန်​လေကန်ရသည်ကို အရမ်းဝါသနာပါကြသည့်လူမျိုး​​တွေတစ်ပုံကြီးရှိ​နေသည်။ ဒီ​ကောင်​လေးနှစ်​ယောက်ရဲ့ဘဝကလည်း အတိုက်အခိုက်တွေအရမ်းများသည်ဆိုတာ ကြည့်လိုက်တာနဲ့တင်သိနိုင်သည်။ မာန်​လေးလည်း ​ကောင်​လေးနှစ်​ယောက်ရဲ့ပို့စ်​လေးကိုဖတ်ရင်း ​ကောင်​လေးနှစ်​ယောက်ရဲ့အ​ကောင့်​တွေကိုဝင်ကြည့်မိသည်။ အ​ကောင့်ထဲမှာ မိဘ​တွေနဲ့အတူခရီးသွားထားတာ​တဲ့ဓါတ်ပုံ​လေး​​ဆွေ အလှူအတန်းအတူတူပြုလုပ်ထားတဲ့ဓါတ်ပုံ​​လေး​တွေကို​​တွေ့လိုက်ရသည်။

Never Say GoodbyeDonde viven las historias. Descúbrelo ahora