အပိုင်း ♡6♡ (Unicode & Zawgyi)

9.2K 735 47
                                    

ရှင်းပိုင်၏ရင်ခုန်သံတွေက အခုထက်ထိ လုံးဝမတည်ငြိမ်သေးပါ။ ကားမောင်းနေရင်း ခုဏကမာန်လေးရဲ့မျက်နှာကိုပဲ သူပြန်မြင်ယောင်နေမိ တယ်။ သူ့မျက်စိထဲကလုံးဝထွက်မသွားနိုင်ပါ။ နေကောင်းခါစ မျက်နှာနုနု လေးက သူ့မျက်လုံးထဲမှာ ဓာတ်ပုံတစ်ပုံအလား စွဲထင်ကျန်နေခဲ့သည်။ သူ့ဘေးနားမှာ ထိုင်လိုက်လာသည့်မာန်လေးကတော့ နေမကောင်းထားသည့်အရှိန်ကြောင့် အိပ်ပျော်နေသည်။ သူကားမောင်းနေရင်း မာန်လေး ကို တစ်ချက်လှည့်ကြည့်လိုက်သည်။ အိပ်ပျော်နေတဲ့ပုံစံလေးက သူ့မျက်စိထဲမှာ ချစ်ဖို့ကောင်းနေသလိုလိုခံစားရသည်။ သူ့ရင်ဘတ်ထဲက အကောင်ပေါက်ကခုန်ပေါက်လာလွန်းလို့ ချက်ချင်းဆိုသလို အရှေ့ကိုပြန်လှည့်လိုက်ရသည်။ ထိုစဥ် ရှင်းပိုင်ထံသို့ ဖုန်းဝင်လာလေသည်။ သူ နားကြပ်တပ်ပြီး ဖုန်းကိုင်လိုက်သည်။

"ဟယ်လို"

"အစ်ကိုရှင်း ဝတ်ရည်တို့ပါ .... အရှေ့နားမှာလေ ဆိုင်ကောင်းကောင်းလေးတစ်ဆိုင်လောက်တွေ့ရင် ဝင်ရပ်လိုက်ပါနော် .... ဗိုက်ဆာလာလို့"

"အိုခေ အိုခေ .... ရပ်လိုက်မယ်"

ဖုန်းချလိုက်ပြီးသည်နှင့် ဘေးပတ်ဝန်းကျင်ကိုသေချာကြည့်ပြီး ဆက်မောင်းလာလိုက်သည်။ ဆိုင်ကလူနည်းရမယ်၊ သန့်ရမယ်၊ လေစိမ်းတွေမတိုက်ဘဲ အထဲမှာဝင်ထိုင်လို့ရတဲ့ဆိုင်ဖြစ်ရမယ်။ ဒီအချက်တွေအားလုံးက နေမကောင်းတဲ့မာန်လေးအတွက် ဦးစားပေးစဥ်းစားပြီး ရွေးချယ်လိုက်သည့်အချက်များပင်ဖြစ်သည်။ သူ မောင်းလာရင်းနဲ့ ဆိုင်လေးတစ်ဆိုင်ကိုတွေ့လိုက်သည်။ အပြင်ဘက်မှာလည်းထိုင်လို့ရသလို ဆိုင်ထဲမှာလည်းထိုင်လို့ရသည်မို့ မာန်လေးအတွက်အဆင်ပြေနိုင်သည်။ ဆိုင်လေး ကလည်း လူသန့်ပြီး လူနည်းသည်မို့ လူများရင်မနေတတ်တဲ့မာန်လေးအတွက် ပိုပြီးအဆင်ပြေသည်။ သူကားပါကင်ထိုးလိုက်ပြီး မာန်လေးကိုနှိုးလိုက်သည်။

"မာန်လေး မာန်လေး .... ထပါဦးဗျာ .... တစ်ခုခုစားရအောင်လေ"

"ဟင် .... အင်း

အင်းဆိုပြီး ပြန်အိပ်သွားသည့်မာန်လေးကို သူအတင်းဆွဲဖက်ထားပစ်လိုက်ချင်မိပါတော့သည်။

Never Say GoodbyeOnde histórias criam vida. Descubra agora