မေမေဘာတွေပြောလိုက်ပြီလဲဆိုတာ မာန်လေးအရမ်းသိချင်
နေမိသည် ။ ရှင်းပိုင်ကလည်းသိပ်ပြီးမျက်နှာမကောင်းသလို ၊ ပြန်ပြီးမပြောပြချင်တဲ့ပုံဖြစ်နေသည် ။ မာန်လေးအရမ်းကို
စိတ်ညစ်သွားရသည် ။ မေမေအရမ်းရက်စက်တာပဲ ။"ရှင်း ပြောပြပါ ၊ မေမေဘာပြောလိုက်တာလဲ"
"လမ်းခွဲဖို့ ....."
"တော်ပြီ ၊ ရပြီ ၊ ဆက်မပြောနဲ့တော့"
မာန်လေးဆက်မကြားချင်တော့ဘူး ။ မေမေတကယ်အရမ်း ရက်စက်တယ် ။ မေမေ့သားလေးကိုမေမေချစ်ရင် မေမေ သေချာပြန်စဉ်းစားပေးသင့်တယ် ။ ဒီမျက်ရည်တွေကလည်း
ကျလာရပြန်ပြီ ။ မေမေခွင့်မပြုလည်းသားကတော့ရှေ့ဆက်
တိုးမယ်မေမေ ။ ရှင်းက ကျွန်တော့်နှလုံးသားက ပထမဦးဆုံး
နဲ့နောက်ဆုံးရွေးချယ်တဲ့သူပဲမေမေ ။ တောင်းပန်ပါတယ်မေမေ ။ မေမေသားကိုမုန်းရင်လည်းမုန်းပါ ။ရှင်းရဲ့လက်တွေက မာန်လေးရဲ့အနောက်ကနေ ခါးကိုရစ်ပတ်
လာတယ် ။ မာန်လေးဝမ်းနည်းနေပြီဆိုတာ ရှင်းသိလိုက်တယ် ။ မာန်လေးကသူပြောတာကိုဆုံးအောင်လည်းနားမထောင်ဘူး ။ မာန်လေးမျက်ရည်တွေကျရင် သူ့ရင်တွေအရမ်းနာကျင်ရ
လွန်းလို့ပါ ။ မငိုပါနဲ့မာန်လေးရယ် ။"မာန်လေး မငိုပါနဲ့ ၊ ကိုယ်ပြောတာနားထောင်ပါဦး ၊ မေမေက လမ်းခွဲဖို့စကားပြောတဲ့နေ့ နင်သေရတဲ့နေ့ပဲတဲ့ ၊ အဲ့လိုပြော
တယ်""ဗျာ ၊ ဒါဆို မေမေက"
"အင်း ကိုယ်မာန်လေးကိုလမ်းခွဲမယ်လို့ပြောတဲ့နေ့က ကိုယ်သေ
ရမယ့်နေ့ပဲတဲ့""လူယုတ်မာကြီး စောစောကဘာလို့မပြောတာလဲ ၊
အကျင့်ပုတ်ကြီးရဲ့ အီးဟီး ၊ သွားဟာ ပြတ်ပြီ""မလုပ်ပါနဲ့မာန်လေးရယ် ကိုယ်သေမှာကိုကြည့်ရက်လို့လား"
Knock ~~ Knock
"မေမေ ကျေးဇူးပါမေမေ ၊ တကယ်ကျေးဇူးတင်ပါတယ် ၊ သားကိုနားလည်ပေးလို့"
တံခါးကိုချက်ချင်းဆွဲဖွင့်လိုက်ပြီး အမေကိုအတင်းဖက်ထား
တော့သည် ။ မေမေကလက်ထဲကကိုင်လာတဲ့အအေးဗန်းကြီး
ကိုအပေါ်မြှောက်ကာ မှောက်မကျအောင်ထိန်းထားရသည် ။
YOU ARE READING
Never Say Goodbye
Romance[Unicode]Cover Songတွေသီဆိုပြီးနာမည်ကြီးနေတဲ့ကောင်လေးနဲ့ Dancerကောင်လေးတို့ရဲ့ချစ်ခြင်းက ဖြောင့်တန်းမလား ကောက်ကွေ့မလား ????? ဤဇာတ်လမ်းထဲတွင်ပါဝင်သော အရာအားလုံးသည် စိတ်ကူးယဉ်ဖန်တီးမှုသပ်သပ်သာဖြစ်သည်။ Date - 24.4.2019 [Zawgyi]Cover Songေတြသီဆိုၿပီးနာမ...